Connect with us

Social

“ခွန်အားများနဲ့နေ့သစ်ဆီ” မြန်မာနောက်ခံစကားပြော တရုတ်ရုပ်သံဇာတ်လမ်းတွဲ ဇန်နဝါရီ ၂၆ ရက်တွင် Sky Net ရုပ်မြင်သံကြား တွင်ပြသမည်

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ယနေ့တရုတ်လူအဖွဲ့အစည်း ကို သရုပ်ဖော်ပြသသည့် စိတ်ဓာတ်ခွန်အားများပေးစွမ်းနိုင်သော ရသအမျိုးအစားဖြင့် ရိုက်ကူးထားသည့် “ခွန်အားများနဲ့နေ့သစ်ဆီ” မြန်မာနောက်ခံစကားပြော ရုပ်သံဇာတ်လမ်းတွဲ  ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှ စကာ  Sky Net ရုပ်မြင်သံကြား World Drama ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်းမြို့မှ လာရောက်ကာ ယခုအခမ်းအနား သို့ တက်ရောက်ခဲ့သည့်  ဇာတ်လမ်း နှင့် ဒါရိုက်တာဖြစ်သူမစ္စတာ Zhao Bao Gang မှာ ၎င်းရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွဲကို မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်မိတ်ဆက် သည့် ပထမဦးဆုံးဒါရိုက်တာတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai) အားတွေ့ရစဉ် (ဆင်ဟွာ)

“ခွန်အားများနဲ့နေ့သစ်ဆီ” မြန်မာနောက်ခံစကားပြော ရုပ်သံဇာတ်လမ်းတွဲ  မိတ်ဆက်ပွဲအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ) 

မကြာခင်တွင် ပြသမည့် “ခွန်အားများနဲ့နေ့သစ်ဆီ” ဇာတ်လမ်းတွဲ မှာ ခေတ်တစ်ခေတ် အတွင်းရှိ လူငယ်များ ၏ ဘဝစိန်ခေါ်မှုများကို ကြိုးစားရင်ဆိုင်ရုန်းကန်ခြင်း၊ ဘဝတစ်လျှောက်ကြုံတွေ့ရသည့် ချစ်ခြင်း၊ မုန်းခြင်း နှင့် သနားကရုဏာသက်စရာ စသည့် စိတ်ခံစားမှုများ၊ လောကဓံတရားများ ကိုရဲရဲရင်ဆိုင်ဖြေရှင်းကြသည့် ဘဝဖြတ်သန်းမှုများ ကိုဖော်ကျူးထားသည့် အပြုသဘောဆောင်သည့် လူငယ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ကာ ယခုခေတ်လူငယ်တို့ အတွက် စံပြယူစရာဇာတ်လမ်းတစ်ခုဖြစ်ကြောင်းသိရသည်။ 

အဆိုပါဇာတ်လမ်းတွဲတွင် မြန်မာပရိသတ်များပိုမိုနားလည်စေရန် မြန်မာစကားပြောဖြင့် ထုတ်လုပ်ရာတွင် သီရိရှင်းသန့်၊ ဇေယျ၊ ကျော်ကျော်၊ ဆုမြတ်နိုးဦး စသည့်မြန်မာသရုပ်ဆောင်များ အသံဖြင့်ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

“ခွန်အားများနဲ့နေ့သစ်ဆီ” မြန်မာနောက်ခံစကားပြော ရုပ်သံဇာတ်လမ်းတွဲ  မိတ်ဆက်ပွဲအခမ်းအနား ကို  ဒီဇင်ဘာ ၂၁ ရက်တွင်  ရန်ကုန်မြို့ရှိ Wyndam Grand Hotel တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား သို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai) နှင့် တရုတ်-မြန်မာနှစ်နိုင်ငံမှ နာမည်ကျော်ဒါရိုက်တာ များအနုပညာရှင်များ နှင့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117