Connect with us

Asia

အိန္ဒိယနိုင်ငံ တွင်ဆန္ဒပြမှုများ ကြောင့်အတ်တာပရာဒက်ရှ် ပြည်နယ် ၌နှစ်ရက်အတွင်း ခုနှစ်ဦးသေဆုံး

အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော်လပ်နောင်း ၌လည်း ဒီဇင်ဘာလ ၁၉ ရက်က ဆန္ဒပြမှုများအတွင်းဆန္ဒပြသမားများကကားတစ်စီးကို မီးရှို့ဖျက်ဆီးကာကျောက်ခဲများဖြင့်ပစ်ပေါက ် နေသည်ကိုတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ     န္ဒိယနိုင်ငံတစ်ဝန်းတွင်အကြမ်းဖက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာဒီဇင်ဘာလ ၂၀ ရက်က နိုင်ငံမြောက်ပိုင်း အတ်တာပရာဒက်ရှ် ပြည်နယ်တွင် အနည်းဆုံးခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ပြည်နယ်အတွင်းဘစ်ဂျ်နော မြို့တွင်နှစ်ဦးသေဆုံးပြီး ဆမ်ဘယ်လ်၊ဖီရိုဇာဘက်၊မီရတ် နှင့် ကမ်ပူရာမြို့ များ၌လည်း တစ်ဦးစီသေဆုံးခဲ့သည်။ ထို့ပြင်ပြည်နယ်မြို့တော် လပ်နောင်း ၌လည်း ဒီဇင်ဘာလ ၁၉ ရက်က ဆန္ဒပြမှုများအတွင်းလူတစ်ဦးသေဆုံးခဲ့ရာ အတ်တာပရာဒက်ရှ် ပြည်နယ် အတွင်းဆန္ဒပြမှုများ ကြောင့် သေဆုံးသူ ၂၄ နာရီအတွင်း ခုနှစ်ဦးအထိရှိခဲ့သည်။

ထို့အတူအတ်တာပရာဒက်ရှ်ပြည်နယ် အတွင်းအခြားသောခရိုင်များ၌လည်းရဲတပ်ဖွဲ့ကတားမြစ်မိန့်များ ထုတ်ထားသော်လည်း ဆန္ဒပြမှုများဖြစ်ပွားနေကြောင်းသိရသည်။ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ အိုပီဆင်း က မူ ဆန္ဒပြပွဲ၌သေဆုံးသူများမှာ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့်လုံးဝမဟုတ်ကြောင်း၊ရဲတပ်ဖွဲ့ အနေနှင့် ကျည်တစ်တောင့်ပင်ပစ်ခတ်မှုမပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒေသခံများက ဒီဇင်ဘာလ ၂၀ ရက်တွင် ပြည်နယ်အတွင်းနိုင်ငံသားပြုမှုဥပဒေသစ်ကို ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့အကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းပြောခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများနှင့်တုတ်တိုများ ဖြင့် ဆန္ဒပြသမားများအားလူစုခွဲခဲ့ ကြောင်း ပြောခဲ့ကြသည်။ဆန္ဒပြသမားများက လည်းကျောက်ခဲများဖြင့်ပြန်လည်ပစ်ပေါက်ခဲ့ကြောင်းသိရသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊မြို့ပြလူမှုအဖွဲ့အစည်းများက အိန္ဒိယပါလီမန်ကအတည်ပြုခဲ့သော ဥပဒေကိုနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများပြုလုပ်ရန်ဆူပူလှုံ့ဆော် ခဲ့ ကြ ခြင်းဖြစ်သည်။ထိုဥပဒေက ဘင်္ဂလားဒေ့ရှ်၊အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများမှ အိန္ဒိယနိုင်ငံသို့တ ရားမဝင်ပြောင်းရွှေ့လာသူများအနက် ဟိန္ဒူ၊ဆစ်ခ်၊ဗုဒ္ဓဘာသာ၊ဂျိမ်း၊ခရစ်ယန်နှင့် ဇိုရိုရက်စထရာခေါ် ရှေးခေတ် ပါးရှင်းတို့၏ဘာသာ များအားကိုးကွယ်သူများကို အိန္ဒိယနိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် သဘောတူထားသည်။သို့ရာတွင် မူဆလင်ပြောင်းရွှေ့နေထိုင်သူများကိုမူ နိုင်ငံသားလျှောက်ထားခွင့်မှ ချန်လှပ်ထားခဲ့သည်။

ထိုသို့တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူ မူဆလင်များကို နိုင်ငံသားအဖြစ်လျှောက်ထားခွင့်မှ ချန်လှပ်ထားခဲ့ခြင်းကအိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းဖေါ်ပြထားသောလောကီရေးရာ အခြေခံမူများနှင့်ကွဲလွဲနေကြောင်း အတိုက်အခံပါတီများနှင့် လူမှုအဖွဲ့များကဝေဖန်မှုပြုခဲ့ကြသည်။

ထိုဥပဒေသစ်အရ အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံတွင်းသို့ ၂၀၁၄ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီက ဝင်ရောက်လာခဲ့ကြသော အစ္စလမ်ဘာသာဝင်မဟုတ်သည့် အခြားအထက်ဖေါ်ပြပါဘာသာဝင်များမှ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုမည်ဖြစ်သည်။ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသရှိပြည်နယ်များတွင်နေထိုင်သူများကမူ ထိုသို့တရားမဝင်ဝင်ရောက်လာသူများကိုနိုင်ငံသားအ ဖြစ်အသိအမှတ် ပြုမည်ဆိုပါက ၎င်းတို့၏အဆင့်အတန်းအားအန္တရာယ်ဖြစ်စေမည်ကိုစိုးရိမ်လျက်ရှိ ကြသည်။(Xinhua)