Connect with us

Culture & Entertainment

မန္တလေးတိုင်းဒေသကြီး ပလိပ်အင်းရေတိမ်ဒေသတွင် ရေဝင်နည်းပါးသဖြင့် ဆောင်းခိုငှက်များ ကျက်စားမှုပုံစံပြောင်းလဲလာ

မိုးယွင်းကြီးအင်းတွင် ဆောင်းခိုငှက်တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီးပလိပ်အင်းရေတိမ်ဒေသ၌ ယခုနှစ်တွင် ရေဝင်နည်း ပါးသဖြင့် နှစ်စဉ်လာရောက် ကျက် စားလေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ သိရသည်။

ဆောင်းခိုငှက်များသည် နှစ်စဉ် အောက်တိုဘာလလယ်မှ မတ်လကုန် အထိမြန်မာနိုင်ငံအနှံ့အပြားရှိ အင်း များသို့ ကမ္ဘာ့နေရာအနှံ့အပြားမှ မိုင်ပေါင်းထောင်ချီပျံသန်း၍ ဆောင်း ရာသီကိုခိုလှုံရန် လာရောက်နေထိုင်ကျက်စားလေ့ရှိသော်လည်း ယခုနှစ် တွင် ဆောင်းခိုငှက်များအများဆုံးဝင် ရောက်ရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပလိပ်အင်းရေတိမ်ဒေသ၊ စွန်ရဲအင်းနှင့် ပျူကန်များတွင် ရေဝင် နည်းပါးမှုများဖြစ်ပေါ်လာသဖြင့် ဆောင်းခိုငှက်များ ဝင်ရောက်မှု ပုံစံပြောင်းလဲလာကြောင်း သိရ သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်မှုမှာ ပလိပ်အင်း၊ တောင်သမန်အင်း၊ ပျူကန်နှင့် စွန်ရဲအင်းစသည့် အင်းများ တွင် အဓိကဝင်ရောက်လေ့ရှိကြောင်း နှင့် နှစ်စဉ်ဆောင်းခိုငှက်များ ဝင်ရောက်မှုစာရင်းကို ဇန်နဝါရီလ အတွင်းတွင် မြန်မာ့ငှက်နှင့် သဘာဝ ထိန်းသိမ်းရေးအသင်း၊ မြန်မာငှက် ချစ်သူများနှင့် INGO၊ NGO အဖွဲ့များ ပူးပေါင်းကာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကောက်ယူလေ့ရှိကြောင်းကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)