Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်းနှစ်ပတ်လည်အခမ်းအနား တက်ရောက်ပြီးနောက် ပေကျင်းမြို့သို့ ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဟက်ချိရိန် (Ho Iat Seng)

မကာအို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်နှင့် ပဉ္စမမြောက် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ရာထူးအပ်နှင်းခြင်း အခမ်းအနားများ တက်ရောက်ခြင်းနှင့် အခြားလှုပ်ရှားသွားလာမှုများ သွားရောက်ခြင်းများပြီးနောက် မကာအိုခရီးစဉ်ပြီးဆုံးကာ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မြို့တော် ပေကျင်းသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် မကာအိုတွင် ရှိနေစဉ် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အစိုးရမှ ပြုလုပ်သော ကြိုဆိုထမင်းစားပွဲနှင့် ဧည့်ခံပွဲကြီးသို့ တက်ရောက်ခြင်း၊ မကာအို SAR အုပ်ချုပ်ရေးမှူးဟောင်း Ho Hau Wah နှင့် ချွေ့စိုင်အွန်၊ ပဉ္စမမြောက် မကာအို SAR အုပ်ချုပ်ရေးမှူး ဟက်ချိရိန် (Ho Iat Seng) ၊ မကာအို SAR အစိုးရအဖွဲ့တာဝန်ရှိသူများ၊ စည်းမျဉ်းအရ ဖွဲ့စည်းထားသော တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် အလွှာပေါင်းစုံမှ ပြည်သူများ၊ ဟောင်ကောင် SAR အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း (Carrie Lam) တို့နှင့် တွေ့ဆုံခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မကာအိုလုံခြုံရေးတပ်ဖွဲ့အား စစ်ဆေးခဲ့သလို မကာအိုဒေသခံများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖလှယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သမ္မတ ရှီနှင့် ဇနီး ဖုန်းလိယွမ်တို့ လေဆိပ်သို့ သွားရာလမ်း၌ မကာအိုဒေသခံ ကလေးငယ်များက ပန်းများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး သမ္မတ ရှီက ပြည်သူများအား လက်ပြနှုတ်ဆက်ခဲ့သည်။ (Xinhua)