ဝဲလ်လင်တန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မြစ်ထဲပြုတ်ကျသွားသော ကားတစ်စီးထဲတွင် ပိတ်မိနေသည့် ၎င်း၏ မိခင်အား ကယ်တင်ရန် နှစ်ကီလိုမီတာအကွာလမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံအကူအညီတောင်းခံခဲ့ကြောင်း နယူးဇီလန်ပြည်တွင်း သတင်းဌာနတစ်ခုက ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်ကဏ္ဍ ၊ အိမ်ရာအဆောက်အဉီ ကဏ္ဍတို့မှ လုပ်ငန်း (၃)ခုအား ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ကော်မရှင်၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) နှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်းခဲ့သော ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ရရှိရန် နှင့် အနာဂတ်တွင် သာယာ လှပ ဖွံ့ဖြိုးတိုးတက်သောပြည်နယ် ဖြစ်လာစေရန် အတွက် ပြည်နယ်သူ၊ ပြည်နယ်သား တို့၏ စုပေါင်း ညီညွတ်သော စွမ်းအားဖြင့် ကြိုးပမ်း...
နန်ကျင်း ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ သည် နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများအတွက် ၂၀၁၉ခုနှစ် နိုင်ငံတော်အဆင့်အောက်မေ့ဂါရဝပြုအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း တွင် နန်ကျင်း မြို့ ၌ ကြီးကျယ်ခန်းနားစွာ ကျင်းပ ပြုလုပ် ခဲ့သည်။ (Xinhua)...
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ဗဟိုအမျိုးသမီးဆေးရုံကြီး ၌ တတိယမြောက် ဖန်ပြွန် သန္ဓေသား အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အတွက် ဂမ်ဘီယာနိုင်ငံနှင့်အတူ ICJ တရားရုံး၌ ကြားနာရာတွင် သွားရောက်လျှောက်လဲခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်း ရိုးရာအနှိပ်ပညာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ရိုးရာယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritages) စာရင်းတွင် တရားဝင်ထည့်သွင်းလိုက်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး အစ်သီဖိုလ် ခွန်ပလွမ် (Itthiphol Kunplome)...
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့တွင် တရားမဝင်သစ် တန် ၁၀၀ ကျော် အား သိမ်းဆည်းရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့့်ဒီဇင်ဘာလ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စရပ်အားဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့သော နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ နည်းဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြောင်း သိရသည်။