Connect with us

Local

လျှပ်စစ် နှင့် အိမ်ရာ အဆောက်အဉီ ကဏ္ဍတို့မှ လုပ်ငန်း ၃ ခုအား  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား တွေ့ရစဉ်(ဓာတ်ပုံ - DICA)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လျှပ်စစ်ကဏ္ဍ ၊ အိမ်ရာအဆောက်အဉီ ကဏ္ဍတို့မှ လုပ်ငန်း (၃)ခုအား ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ကော်မရှင်၏ (၂၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၈.၀၃၅) သန်းနှင့် ကျပ် (၁၉၂၂.၈၀၄) သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉၄) နေရာကို ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း ၅၀ မှ စီးပွား ရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု၏ ၂၅ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117