Connect with us

Asia

ယူနက်စကိုက ထိုင်း ရိုးရာအနှိပ်ပညာကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်း 

ထိုင်းရိုးရာအနှိပ်ပညာဖြင့် အနှိပ်ခံနေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်း ရိုးရာအနှိပ်ပညာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ရိုးရာယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritages) စာရင်းတွင် တရားဝင်ထည့်သွင်းလိုက်ကြောင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး အစ်သီဖိုလ် ခွန်ပလွမ် (Itthiphol Kunplome) က ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာလိုက်သည်။ 

ထို့ပြင် ထိုင်း ရိုးရာ Khon အကကိုလည်း ယူနက်စကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်စာရင်း သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ပြုလုပ်နေသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေး၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“ထိုင်းအနှိပ်ပညာက ရိုးရာ ဆေးဘက်ဝင်ကဏ္ဍတစ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာ အဆုံးအမတွေ၊ ဒေသခံ ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်နေတယ်။ အခုဆိုရင် ထိုင်းရိုးရာအနှိပ်ပညာက သဘာဝဆေးဘက်ဝင်ကုထုံးပုံစံ၊ ခေတ်ပေါ်ဆေးပညာနဲ့လဲ အပ်စပ်မှုရှိတယ်လို့ အသိအမှတ် ပြုလာခဲ့ကြပါပြီ” ဟု အစ်သီဖိုလ်က ပြောခဲ့သည်။ထိုင်းရိုးရာအနှိပ်ပညာကို ယူနက်စကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် စာရင်းထည့်သွင်းလိုက်ခြင်းက ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရာလည်းရောက်သည်ဟု ဝန်ကြီးက ဆိုသည်။ (Xinhua)