ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် တည်ဆောက်နေသော မြောင်းမြတံတားအသစ် တည်ဆောက်မှု လုပ်ငန်းသည် ၈၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်၍ ဧပြီလဆန်းပိုင်းမှ စတင်၍ ယာဉ်များ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) အကြောင်းအရာ စုံလင်စွာ ပြုစုရေးသားထားသည့် အခန်း ခြောက်ခန်း ပါဝင်သော လွတ်လပ်ရေး ဖခင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ (ဇန်နဝါရီ ၂၁ရက်) ပြည်သူ့လွှတ်တော်...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နှင့် မြိုင်မြို့နယ်တို့ တွင် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုစလင်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ စစ်တပ်က ဆီးရီးယားနိုင်ငံရှိအီရန်ပစ်မှတ်များကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နှင့် ဆီးရီးယား အနေဖြင့် အစ္စရေး ၏ ပိုင်နက်နယ်မြေ သို့မဟုတ် ဆီးရီးယားတပ်ဖွဲများ ကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် သတိပေးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီလ ၂၁ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။
လာပဇ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ တောင်ပိုင်းတွင် ဇန်နဝါရီ ၂၀ ရက်က အားကစားအဖွဲ့တစ်ဖွဲ့လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ရာ အနည်းဆုံး လူ ၁၁ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းတာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေး နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရေးရာကော်မတီများ အနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံစဉ် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။
ဆာနား၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ အစိုးရ က ထိန်းချုပ်ထားသော မာရစ်ပြည်နယ်တွင် ဇန်နဝါရီ ၂၀ ရက် က ပေါက်ကွဲမှုတစ်ခုကြောင့် နိုင်ငံခြားသား မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ၅ဦး သေဆုံးခဲ့ကြောင်း အစိုးရလိုလားသည့် အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Almasdar ကဖော်ပြခဲ့သည်။
ပါရီ ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ်ရှိ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတွင် ဇန်နဝါရီ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ်မှာ Courchevel နှင်းလျှောစီးအပန်းဖြေစခန်းတွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ်၏ အစီအစဉ် တစ်ရပ် အနေဖြင့် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းကို ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။...