ဂါဇာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အီတလီသံရုံးအတွက် တာဝန်ထမ်းဆောင်နေသော အီတလီလူမျိုး ၃ဦးကို ဂါဇာ ရှိ ကုလသမဂ္ဂရုံးတစ်ခု တွင် ဟားမတ်စ်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့ရာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆,၅၄၇ဦး နှင့် ပြည်တွင်းအလုပ်နေရာ ၁၃,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။
ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ ပလပ်ဖြုတ်ထားသည့် ရေခဲသေတ္တာတစ်ခုအတွင်း၌ ကလေးငယ် ၃ဦး မတော်တဆ ပိတ်မိခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။
ဆူဗာ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ဗာနူအာနိုင်ငံ ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁၆ ရက်က ပြင်းအား ၆.၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ဒါဗို့စီးတီး ၊ ဖိလစ်ပိုင် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒါဗို့မြို့(Davao) ၌ ယနေ့ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ အင်အားအလယ်အလတ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ပျက်စီးဆုံးရှုံးမှုမရှိဟု မျှော်လင့်ရကြောင်း ဖိလစ်ပိုင်ငလျင်ကျွမ်းကျင်သူများက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားအတွက် အလုပ်လုပ်ပေးနေသော သူလျှိုတစ်ဦးဖြစ်နိုင်ကြောင်း စွပ်စွဲချက်အပေါ် ရုရှားနိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ငြင်းဆိုလိုက်သည်။
ချုံကျင်း၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကျင်းရှိ သဘာဝအလှအပများဖြင့်နံမည်ကျော်ကြားသည့် ယန်စီမြစ်၏ ညရှုခင်းအလှများကို ကြည့်ရှုနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် ယန်စီမြစ်အပေါ်မှ ကေဘယ်လ်ကားများဖြင့် ဖြတ်သန်းကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ ကေဘယ်လ်ကားစီးရင်း ညဘက် မီးရောင်စုံအလှဆင်ထားမှုများကို အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ပြီး အပန်းဖြေနိုင်မည့်အစီအစဉ်ကို လူငယ်များအထူးစိတ်ဝင်တစားရှိကြောင်းသိရသည်။(Xinhua)