Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ် ၊ ပျက်စီးဆုံးရှုံးမှု မရှိဟုဆို

ဖိလစ်ပိုင်နိုင်ငံ ဒါဗို့ မြို့ တော်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါဗို့စီးတီး ၊ ဖိလစ်ပိုင် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒါဗို့မြို့(Davao) ၌ ယနေ့ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ အင်အားအလယ်အလတ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ပျက်စီးဆုံးရှုံးမှုမရှိဟု မျှော်လင့်ရကြောင်း ဖိလစ်ပိုင်ငလျင်ကျွမ်းကျင်သူများက ဆိုသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ဝ၃ မိနစ် တွင် မြေအောက်အနက် ၄၈ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်မှာ ဒါဗို့အရှေ့ပိုင်းပြည်နယ် မင်ဒါနာအို(Mindanao) ရှိ Generoso မြို့၏ အရှေ့တောင်ဖက် ၁၄၉ ကီလိုမီတာ၌ ဗဟိုပြုခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံမီးတောင် နှင့် ငလျင် ဆိုင်ရာဌာန (Phivolcs) က ဆိုသည်။

တောင်ပိုင်း မင်ဒါနာအို ကျွန်းတွင် ငလျင်လှုပ်ရှားမှုကို သိရှိခံစားခဲ့ရကြောင်း ငလျင်အေဂျင်စီက ဆိုသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၂၉ ရက်က Generoso မြို့တွင် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူများစွာ နေအိမ်အဆောက်အဦများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကြောင်း ၊ သို့သော် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်ကြောတွင် တည်ရှိနေပြီး မကြာခဏ ငလျင်လှုပ်ခတ်ခြင်း နှင့် မီးတောင်ပေါက်ကွဲခြင်း များကြုံတွေ့ခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.