Connect with us

Social

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆,၅၄၇ ဦးရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆,၅၄၇ဦး နှင့် ပြည်တွင်းအလုပ်နေရာ ၁၃,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၃,၃၈၄ ဦး၊ စင်ကာပူနိုင်ငံသို့ ၃၄ ဦး၊ ကိုရီးယားနိုင်ငံသို့ ၄၄၆ ဦး၊ ထိုင်းနိုင်ငံသို့ ၁၂,၂၄၆ ဦး၊ ဂျပန်နိုင်ငံသို့ ၃၉၁ ဦး၊ ယူအေအီးသို့ ၂၆ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၉ ဦး၊ ကာတာနိုင်ငံသို့ ၁၁ ဦး စုစုပေါင်း ၁၆,၅၄၇ ဦး စေလွှတ်နိုင်ခဲ့ ကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်း၊ ပြည်ပအလုပ် အကိုင်များရရှိစေရန်ဆောင် ရွက်ပေးရာတွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ် ရရှိမှုအနေဖြင့် အစိုးရအလုပ် ၇၀၆ ဦး၊ ပုဂ္ဂလိကအလုပ် ၁၂,၅၉၇ ဦး စုစုပေါင်း ၁၃,၃၀၃ ဦးကိုလည်းကောင်း အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.