Connect with us

Australia / Oceania

ဗာနူအာနိုင်ငံ တွင် ပြင်းအား ၆.၆ အဆင့် ငလျင်လှုပ်ခတ်

ဗာနူအာနိုင်ငံအား ဝေဟင်ထက်မှမြင်တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ဆူဗာ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ဗာနူအာနိုင်ငံ ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁၆ ရက်က ပြင်းအား ၆.၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြေငလျင်မှာ ဇန်နဝါရီ ၁၆ ရက် ဒေသစံတော်ချိန် ၅ နာရီ ၆ မိနစ်က ဗာနူအာနိုင်ငံ Torba ပြည်နယ် Sola မြို့ အနောက်မြောက်ဘက် ၁၀၅ ကီလိုမီတာ အကွာတွင် မြေအောက်အနက် ၄၆.၉ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန၏ သတင်းများ အရသိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှု စာရင်း မသိရသေးကြောင်း သိရသည်။

ပစိဖိတ် ဆိုနာမီ သတိပေးစင်တာမှ ယင်းငလျင်နှင့်စပ်လျဉ်း၍ ဆိုနာမီသတိပေးကြေညာချက် ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

ဗာနူအာနိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ မီးတောင်ငလျင်ကြောတွင် တည်ရှိနေပြီး ငလျင် မကြာခဏ လှုပ်ခတ်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.