ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃,၁၇၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် စက်တင်ဘာ ၁ ရက်အထိ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) စာသင်နှစ်အသစ် စတင်ခြင်းနှင့်အတူ COVID-19 ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအစဉ်များဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ကောလိပ်များ နှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း နှင့် ကျောင်းသူကျောင်းသားများသည်လည်း ကျောင်းဝင်းထဲသို့ အသီးသီး ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ ယခုအထိ COVID-19 ကူးစက်ခံရသော ကလေးငယ် အရေအတွက် ၄၈၀၀၀၀ နီးပါးရှိကြောင်း အမေရိကန်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအကယ်ဒမီ နှင့် ကလေးဆေးရုံအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၉၃၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၄ ခုတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦး တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းအချိန် ထုတ်ပြန်ခဲ့ပြီးနောက် စုစုပေါင်း ဓာတ်ခွဲ အတည်ပြုလူနာ...
ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 သည် ကပ်ရောဂါအဖြစ် ကျန်ရှိနေပြီး ကာကွယ်ဆေးများက ကပ်ရောဂါကို ကျော်လွှားမည့် လူသားများ၏အောင်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုနှင့် ထုတ်လုပ်မှုတွင် မော်ရိုကိုနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အသင့်ရှိကြောင်း...
နယူးဒေလီ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)
မော်စကို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်နေသည့် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ (International Army Games 2020) ၏ တင့်ကားတစ်စီးချင်းယှဉ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ တင့်ကားအဖွဲ့က အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ တော်ဝင်ရတနာလမ်းမ၊ တုံဂပူရိဟိုတယ် အနီးတွင် တည် ဆောက်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရုံးချုပ် အဆောက်အအုံ နေရာအတွက် ပန္နက်တော် တင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အမျိုးသား...