Connect with us

North America

အမေရိကန်နိုင်ငံတွင် COVID-19  ကူးစက်ခံရသော ကလေးငယ် ၄၈၀,၀၀၀ နီးပါးရှိ

အမေရိကန်နိုင်ငံ လော့အိန်းဂျလိစ်မြို့ရှိ တိရစ္ဆာန်ရုံတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ကလေးငယ်တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ ယခုအထိ COVID-19 ကူးစက်ခံရသော ကလေးငယ် အရေအတွက် ၄၈၀၀၀၀ နီးပါးရှိကြောင်း အမေရိကန်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအကယ်ဒမီ နှင့် ကလေးဆေးရုံအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။

နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူအားလုံးအနက် ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်ပြီး စုစုပေါင်း ရောဂါကူးစက်ခံရသော ကလေးငယ် ၄၇၆,၄၃၉ ဦးရှိကြောင်း ဩဂုတ် ၃၁ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

လူဦးရေအချိုးအစားအရ ကြည့်မည်ဆိုပါက ယင်းပမဏသည် နိုင်ငံအတွင်းရှိ ကလေးငယ် ၁၀၀,၀၀၀ လျှင် ကိုဗစ် ကူးစက်ခံရသူ ၆၃၁ ဦးရှိသည်ကို ဖော်ပြနေကြောင်း သိရသည်။အစီရင်ခံစာရ ဩဂုတ် ၁၃ ရက် မှ ၂၇ ရက်အထိ အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသော ကလေးငယ် ၇၀,၃၃၀ ဦးရှိကြောင်း နှင့် နှစ်ပတ်အတွင်း ရောဂါကူးစက်ခံရသော ကလေးငယ်အရေအတွက် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရသည့် ကလေးငယ်များအနက် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော အရေအတွက်မှာ ၀.၆ ရာခိုင်နှုန်းမှ ၄.၁ ရာခိုင်နှုန်းအထိ ရှိကြောင်း နှင့် COVID-19 ရောဂါဖြင့် သေဆုံးသည့် ကလေးငယ်အရေအတွက်မှာ ၀.၀ ရာခိုင်နှုန်း မှ ၀.၃ ရာခိုင်နှုန်းသာ ရှိကြောင်း အစီရင်ခံစာအရသိရသည်။

“ ဒီတစ်ချိန်မှာတော့ COVID-19 ရောဂါကြောင့် ရောဂါအပြင်းအထန်းခံစားရတဲ့ ကလေးအရေအတွက်ဟာ နည်းပါးပါတယ် ၊ ဒါပေမယ့်လည်း သက်ဆိုင်ရာ ပြည်နယ်တွေအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ရောဂါစမ်းသပ်တာ ၊ ဆေးရုံတင်ရတာ ၊ COVID-19 ကူးစက်ခံရပြီး ကလေးငယ်တွေအပေါ် ကျန်းမာရေးအရ သက်ရောက်မှုရှိတာ နဲ့သေနှုန်းစတာတွေကို အသေးစိတ် သတင်းထုတ်ပြန်မှုကို ဆက်လက်ဆောင်ရွက်သွားရပါမယ် ” ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)