Connect with us

MYANMAR

ရန်ကုန် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၄ ခုတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦး တွေ့ရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၄ ခုတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦး တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းအချိန် ထုတ်ပြန်ခဲ့ပြီးနောက် စုစုပေါင်း ဓာတ်ခွဲ အတည်ပြုလူနာ ၉၁၉ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ယခုတွေ့ရှိခဲ့သော COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံး အဖြစ် မြို့နယ် ၁၂ မြို့နယ်မှ ၁၅ ဦး ၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ ဒုတိယ အများဆုံး အဖြစ် ၈ ဦးတို့ အပါအဝင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ ၅ ဦး ၊ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်း နှင့် ကျောက်ဖြူ မြို့နယ်တို့မှ ၄ ဦးတို့ ဖြစ်ကြကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁ ရက်အတွက် ဓာတ်ခွဲနမူနာ ၁,၇၅၃ ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာတွင် ထိုကဲ့သို့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦး တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိရာ ပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် စက်တင်ဘာ ၁ ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၅၇ ဦးရှိကြောင်း ၊ ၎င်းတို့အနက် (၃၄၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.