Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉ ဦး ထပ်တိုး ၊ အတည်ပြုလူနာ စုစုပေါင်း ၉၃၈ ဦးထိရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) 

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၉၃၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

ယခုတွေ့ရှိခဲ့သည့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၉ ဦးသည် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံး အဖြစ် မြို့နယ် ၉ မြို့နယ်မှ ၁၂ ဦး ဖြစ်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှ နှစ်ဦး ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်မှ နှစ်ဦး ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှ တစ်ဦး ၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ တစ်ဦး ၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်မှ တစ်ဦး တို့ ဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် စက်တင်ဘာ ၁ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၄၄၁ ခု အား စစ်ဆေးပြီးစီးခဲ့ရာ တစ်ရက်အတွင်း အတည်ပြုလူနာ ၅၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ဖော်ပြထားသည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် စက်တင်ဘာ ၁ ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၅၇ ဦးရှိကြောင်း ၊ ၎င်းတို့အနက် (၃၄၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117