Connect with us

CHINA

ပေကျင်းမြို့ရှိ တက္ကသိုလ်များက COVID-19 ထိန်းချုပ်ရေး အစီအစဉ်များဖြင့် ကျောင်းသားများကို ပြန်လည်လက်ခံ 

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပီကင်းတက္ကသိုလ် ကျောင်းဝင်းထဲသို့ ကျောင်းသားများ ဝင်ရောက်လာသည်ကို စက်တင်ဘာ ၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

စာသင်နှစ်အသစ် စတင်ခြင်းနှင့်အတူ COVID-19 ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအစဉ်များဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ကောလိပ်များ နှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း နှင့် ကျောင်းသူကျောင်းသားများသည်လည်း ကျောင်းဝင်းထဲသို့ အသီးသီး ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။

ပေကျင်းမြို့ရှိ တက္ကသိုလ်များကို ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှု အစီအစဉ်များဖြင့် ဩဂုတ် ၁၅ ရက်မှစတင်ကာ တဖြည်းဖြည်းခြင်း ပြန်လည်စတင် ဖွင့်လှစ်ပေးခဲ့ကြောင်း မြူနီစီပယ် ပညာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။ပြီးခဲ့သော ဩဂုတ်လလယ်မှ စတင်ကာ နေ့စဉ် ကျောင်းသား ၁၀,၀၀၀ ခန့်သည် ပေကျင်းမြို့သို့ ပြန်လာခဲ့ကြကြောင်းနှင့် ယခုအချိန်ထိ တက္ကသိုလ် နှင့် ကောလိပ်ကျောင်းသား စုစုပေါင်း ၁၇၀, ၀၀၀ ကျော်သည် ၎င်းတို့၏ သက်ဆိုင်ရာ ကျောင်းဝင်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။   

ဩဂုတ် ၃၁ ရက် အထိ ပေကျင်းမြို့ရှိ ကောလိပ် နှင့် တက္ကသိုလ် ထက်ဝက်ကျော် အရေအတွက်အားဖြင့် ကျောင်းပေါင်း ၅၀ ကျော်သည် စာသင်နှစ်အသစ်အတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက် အရ သိရသည်။ပီကင်းတက္ကသိုလ်(PKU) က စက်တင်ဘာ ၁ ရက်အထိ  ကျောင်းသားသစ်ပေါင်း ၃,၃၀၀ ကို လက်ခံထားပြီးဖြစ်ကြောင်း ၊ COVID-19 ကပ်ရောဂါကြောင့် ကျောင်းသားမိဘများကိုမူ ကျောင်းဝင်းပရဝဏ်ထဲသို့ ဝင်ရောက်ခွင့် မပြုကြောင်း နှင့် ကျောင်းသားလက်ခံရေးအစီအစဉ်အတွက် စေတနာဝန်ထမ်း ၁၀၀ ကျော်က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်အနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအစဉ် အမျိုးမျိုးကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ကျောင်းသားများအနေဖြင့် ကျောင်းဝင်းထဲ မဝင်ရောက်မီ နျူကလီအက်စစ်(nucleic acid) စမ်းသပ်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ကျောင်းဝင်းအတွင် မဝင်ရောက်မီ ကျောင်းတက်ရန် စာရင်းပေးသွင်းချိန်တွင် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာတစ်စောင်ကိုလည်း မဖြစ်မနေ ပြသရမည်ဖြစ်ကြောင်း သိရသည်။

PKU တက္ကသိုလ် ကျောင်းဝင်းအတွင်း အများပြည်သူသွားလာသောနေရာများတွင် လူစုလူဝေးပြုလုပ်ခြင်း နှင့် အစားအသောက်သုံးဆောင်ခြင်း ကို တားမြစ်ထားကြောင်း ၊ ကိုယ်ခန္ဓာအပူချိန်တိုင်း ကိရိယာကို ကျောင်းဝင်း အဝင်ဝတွင် တပ်ဆင်ထားပြီး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းခံရမည်ဖြစ်ကြောင်း နှင့် ပုံမှန်ဆေးဖျန်းခြင်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း PKU တက္ကသိုလ် အထွေထွေရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး Zhang Yong က ဆိုသည်။

စာသင်နှစ်သစ်တွင် ကောလိပ် နှင့် တက္ကသိုလ် ကျောင်းသားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့မှု မဖြစ်စေရေး အစီအမံများအောက်တွင် နေထိုင်ရမည်ဖြစ်သည်။ ဥပမာ – ကျောင်းသားများသည် ကျောင်းမဆင်းမီ ကျောင်းစနစ်အတွင်း မှတ်ပုံတင်စာရင်းသွင်းရန် ကျောင်းပရဝဏ်ပြင်ပသို့ တကူးတက ထွက်ခွာရန် မလိုအပ်ကြောင်း သိရသည်။

ပေကျင်းသို့ ပြန်လာကြမည့် ကောလိပ် နှင့် တက္ကသိုလ်ကျောင်းသား အရေအတွက်သည် လာမည့် စက်တင်ဘာ ၆ ရက်တွင် ၅၀, ၀၀၀ ဦး ရှိမည်ဖြစ်ပြီး ယင်းနေ့သည် တစ်ရက်အတွင်း ကျောင်းထဲသို့ ကျောင်းသားဦးရေအများဆုံး ပြန်လည်ဝင်ရောက်သည့် နေ့တစ်နေ့ ဖြစ်မည်ဖြစ်ကြောင်း နှင့်  ထိုသို့ကျောင်းသားများ ပြန်လည်ဝင်ရောက်လာမှုသည် အောက်တိုဘာလအထိ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်းမြို့ရှိ ကောလိပ် နှင့် တက္ကသိုလ် များအနေဖြင့် ကျောင်းပရဝဏ်အတွင်း ကျောင်းသား လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် အဖွဲ့သစ် နှင့် အုပ်စုဖွဲ့အစီအစဉ်များကို စတင်ဆောင်ရွက်နိုင်ရန် အကြိုလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

Beihang တက္ကသိုလ်တွင် ပါရဂူတန်း ဒေါက်တာဘွဲ့အတွက် ဒုတိယစာသင်နှစ်ကို စတင်မည့် ကျောင်းသားတစ်ဦးဖြစ်သူ Wu Zhuangfei သည် ၎င်း၏ စာသင်ခန်းအတွင်း မဝင်ရောက်မီ ခန္ဓာကိုယ်အပူချိန်တိုင်းခြင်း စစ်ဆေးမှုကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။

“ COVID-19 ကူးစက်ပျံ့နှံ့လာပြီးနောက်မှာ ကျွန်တော့်ရဲ့ သုတေသန လုပ်ငန်းတွေကို အိမ်မှာပဲ ဆက်လုပ်ဖြစ်တယ် ၊ အခုတော့ ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျောင်းဝင်းထဲကို ပြန်လာခွင့်ရပြီး ဓာတ်ခွဲခန်းထဲမှာ ကျွန်တော့်ရဲ့ အလုပ်တွေကို ပြန်လည်ခွင့်ရတော့မှာပါ” ဟု Wu က ဆိုသည်။ ဩဂုတ် ၂၄  ရက်မှ စတင်ကာ Beihang တက္ကသိုလ်သည် Wu ကဲ့သို့သော တက္ကသိုလ်ကျောင်းသားပေါင်း ၁၂,၀၀၀ ခန့်ကို ပြန်လည်လက်ခံပေးခဲ့ကြောင်း သိရသည်။(Xinhua)