ပေကျင်း၊ မတ် ၁၇ ရက်(ဆင်ဟွာ) နေအိမ်မျက်နှာပြင်များကိုပိုးသန့်စင်ရန် အရက်ပျံနှင့် ကလိုရင်းတို့မှာ ထိရောက်သည်မှာမှန်သော်လည်း ၎င်းတို့မှာ အဝတ်အစားများနှင့် မျက်လုံးများ နှာခေါင်းများထဲသို့ဝင်ပါက အန္တရာယ်ရှိနိုင်သည်။ ကလိုရင်းအခြေခံပါဝင်သည့် ပိုးသတ်ဆေး သို့မဟြတ် အရောင်ချွတ်ဆေးပါဝင်မှု ၇၅ ရာခိုင်နှုန်းရှိသော ဆေးရည်ရရှိရန်ရေနှင့်ဖျော်စပ်ပါ။ယင်းပိုးသတ်ဆေးရည်ဖြန်းနေစဉ်အတွင်း လေဝင်လေထွက်ကောင်းရှိအောင်ဆောင်ရွက်ပါ။ လက်အိတ်ကိုစွပ်ကာအသုံးပြုပြီး တိုင်း ၎င်းလက်အိတ်ကို ချက်ချင်းစွန့်ပစ်ပါ သို့မဟုတ် နောက်တစ်ကြိမ်ပိုးသတ်ဆေးဖြန်း...
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ချန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပန်ဒါကြီးမျိုး ထိန်းသိမ်းရေးနှင့် သုတေသနစင်တာတွင် မတ်လ ၁၇ ရက်က ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါကြီးမျိုးမှ ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာမွေးဖွားခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား နှစ်ဦးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ မတ် ၁၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံ အတွင်း ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ပါရီ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ဦး ရှိလာရာ ပြီးခဲ့သောရက်ကထက် ၁,၀၉၇ ဦးထပ်တိုးလာကြောင်း ပြင်သစ် ကျန်းမာရေးဌာန အကြီးအကဲ Jerome Salomonက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာပြီး မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီ (Arif Alvi) တို့သည် မြို့တော် ပေကျင်း၌ တွေ့ဆုံခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း...
နေပြည်တော်၊ မတ် ၁၈ ရက်(ဆင်ဟွာ) မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် (EDCF: Economic Development Cooperation Fund) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ရယူဆောင်ရွက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်...
နေပြည်တော်၊ မတ် ၁၈ရက် (ဆင်ဟွာ) COVID -19 ကာကွယ်ရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်၌ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ် တော် အစည်းအဝေး ခန်းမ မဝင်မီ၌လည်းကောင်း၊ သတင်းယူရန် ရောက်ရှိလာသည့် မီဒီယာသမား များအား...