Connect with us

Videos

COVID-19 ကာကွယ်ရေးအတွက် နေ့စဉ် ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်ရန်နည်းလမ်းများ

ပေကျင်း၊ မတ် ၁၇ ရက်(ဆင်ဟွာ)

နေအိမ်မျက်နှာပြင်များကိုပိုးသန့်စင်ရန် အရက်ပျံနှင့် ကလိုရင်းတို့မှာ ထိရောက်သည်မှာမှန်သော်လည်း ၎င်းတို့မှာ အဝတ်အစားများနှင့် မျက်လုံးများ နှာခေါင်းများထဲသို့ဝင်ပါက အန္တရာယ်ရှိနိုင်သည်။ ကလိုရင်းအခြေခံပါဝင်သည့် ပိုးသတ်ဆေး သို့မဟြတ် အရောင်ချွတ်ဆေးပါဝင်မှု ၇၅ ရာခိုင်နှုန်းရှိသော ဆေးရည်ရရှိရန်ရေနှင့်ဖျော်စပ်ပါ။ယင်းပိုးသတ်ဆေးရည်ဖြန်းနေစဉ်အတွင်း လေဝင်လေထွက်ကောင်းရှိအောင်ဆောင်ရွက်ပါ။

လက်အိတ်ကိုစွပ်ကာအသုံးပြုပြီး တိုင်း ၎င်းလက်အိတ်ကို ချက်ချင်းစွန့်ပစ်ပါ သို့မဟုတ် နောက်တစ်ကြိမ်ပိုးသတ်ဆေးဖြန်း ရန်အတွက်သာ အသုံးပြုပါ။ ယင်းလက်အိတ်ကို အြခါးနေရာအတွက် အသုံးမပြုပါနှင့်။ပိုးသတ်ဆေးဖြန်းဆောင်ရွက်ပြီးပြီးချင်းလက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပါ။

အရက်ပျံ ကို သင်၏ လက်နှင့် ဆဲလ်ဖုန်းများတွင် ပိုးသန့်စင်အောင်အသုံးပြုနိုင်ပါသည်။သို့ရာတွင် အရက်ပျံ ကို ကြမ်းပြင်များနှင့်လေထုထဲသို့ ဖြန်းပက်ခြင်းမျိုးကို ရှောင်ရှားသင့်သည်။အရက်ပျံ နှင့် ကလိုရင်းများကို စားပွဲ၊ ကုလားထိုင်၊ တံခါးလက်ကိုင်၊မီးခလုတ်များ၊အဝေးထိန်းခလုတ်များ၊လက်ကိုင်ကွင်းများ၊ အံဆွဲများနှင့်ဘေစင်များကဲ့သို့ အိမ်သုံးပစ္စည်းများတွင် ပို့သန့်စင်ရန်အသုံးပြုနိုင်သည်။

ငွေစက္ကူများမှ တစ်ဆင့်ကူးစက်နိုင်ပါသလား?

မသန့်ရှင်းသော ငွေစက္ကူများနှင့် အကြွေစေ့များမှတစ်ဆင့်ကူးစက်နိုင်ပါသည်။ငွေများကို မိုက်ခရိုဝေ့ ထဲ ထည့်ကာ အပူပေးပြီးပိုးသတ်ခြင်းကိုရှောင်ကြဉ်ပါ။ငွေစက္ကူများကိုကိုင်တွယ်ပြီးတိုင်းလက်ဆေးပါ။ပါဆယ်ပစ္စည်းတွေယူဆောင်ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါသလား?

ပါဆယ် ပစ္စည်းများမှတစ်ဆင့်ရောဂါကူးစက်ခြင်းရှိမရှိ ကို လက်ရှိအချိန်အထိ ခိုင်မာသည့် သက်သေသာဓကမရှိချေ။သို့ရာတွင် အမြဲကာကွယ်မှု လုပ်ဆောင်ရန် လိုအပ်လှသည်။ပါဆယ်ပစ္စည်းများကို ကိုင်တွယ်ပြီးပါက လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပါ။ပိုးသတ်ဆေးတွေက ခုခံအားကိုလျော့နည်းသွားစေမှာလားစိတ်မပူပါနဲ့။ သင်သာ ပိုးသတ်ဆေးတွေကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ သုံးစွဲပါက ပိုးသတ်ဆေးတွေက ခုခံအားကိုမထိခိုက်စေနိုင်ပါ။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.