Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် ကမ္ဘာ့ပထမဆုံး ပန်ဒါသားပေါက်အမြွှာလေး မွေးဖွား 

ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါကြီးမျိုးမှ မွေးဖွားခဲ့သည့် ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာလေးအား မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပန်ဒါကြီးမျိုး ထိန်းသိမ်းရေးနှင့် သုတေသနစင်တာတွင် မတ်လ ၁၇ ရက်က ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါကြီးမျိုးမှ ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာမွေးဖွားခဲ့ကြောင်း သိရသည်။

မိခင်ပန်ဒါမ ဖူဝါမှ အလေးချိန် ၁၅၉ ဒသမ ၈ ဂရမ်နှင့် ၁၁၉ ဒသမ ၅ ဂရမ် အသီးသီးရှိသော ပန်ဒါအထီး အမြွှာလေးကို မတ် ၁၇ ရက်က မွေးဖွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်ဒါလေးနှစ်ကောင်မှာ ကျန်းမာလျက်ရှိပြီး မိခင်ပန်ဒါမမှ မိခင်နို့ တိုက်ကျွေးလျက်ရှိကြောင်း စင်တာ၏ ပညာရှင် ဝူခုံကျွီက ပြောခဲ့သည်။

ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာလေးအား မွေးဖွားပြီးနောက် အခြေအနေတည်ငြိမ်လျက်ရှိသော မိခင် ပန်ဒါမ ဖူဝါအား တွေ့ရစဉ် (ဆင်ဟွာ)

“ပန်ဒါအမြွှာလေးတွေက ဘယ်နှစ်မှာပဲမွေးမွေး ပန်ဒါထိန်းသိမ်းရေးစင်တာ မှတ်တမ်းမှာတော့ အစောဆုံးပါပဲ။ ကျွန်မတို့အားလုံးကို အံ့အားသင့်စေပါတယ်” ဟု ဝူခုံကျွီက ပြောခဲ့သည်။အသက် ၁၇ နှစ်ရှိလာပြီဖြစ်သော မိခင် ပန်ဒါမ ဖူဝါ၌ ပန်ဒါကလေး ၈ ကောင် မွေးဖွားထားကြောင်း သိရသည်။COVID-19 ကူးစက်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မြို့တော် ချန်တူး အခြေစိုက် ပန်ဒါစင်တာက ပန်ဒါများအတွက် အစားအသောက် ဖူလုံမှုရှိစေရန် ဝါးအမြောက်အများကို အလျင်အမြန် သိုလှောင်ထားကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117