Connect with us

MYANMAR

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး ဒေါ်နွဲ့ကလျာနှင့်တာဝန်ရှိသူများအား COVID-19 ရောဂါတိုက်ဖျက်ရေးပစ္စည်းများနှင့်အတူ တွေ့ရစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ ထောက်ပံ့ပေးအပ်သော လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများအား မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms. Li Xiaoyan)က တရုတ်နိုင်ငံ ကိုယ်စား မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမြအေး နှင့် မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှဒေါက်တာဖြိုးသူအောင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)