Connect with us

Social

မြန်မာ့ ကြက်ခြေနီအသင်း စွမ်းဆောင်ရည်များ တိုးမြှင့်ရန် သမ္မတ တိုက်တွန်း


နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ)

မြန်မာ့ ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို ယခုထက် ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ကမ္ဘာ့ ကြက်ခြေနီနေ့တွင် ပြောကြားခဲ့သည်။

အသင်းအနေနဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေနဲ့ စွမ်း ဆောင်ရည်တွေ၊ အောင်မြင်မှုတွေကို ထိန်းသိမ်း ဆောင်ရွက်ကြပါ၊ ဒီထက် ပိုမို တိုးတက် အောင်မြင်အောင် နည်းလမ်း ရှာကြံ ကြိုးပမ်းကြပါ၊ အသင်းအနေနဲ့ပြည်သူ လူထု အခြေပြု အဖွဲ့အစည်းအဖြစ် လူမှုဂရုဏာလုပ်ငန်းတွေကို လိုအပ်ချက်နဲ့အညီ နေရာဒေသမရွေး ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား အဖွင့် မိန့်ခွန်း၌ နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့ မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် ၁၀ နှစ်တာအတွင်း ကမ္ဘာပေါ်တွင် ဘေးဒုက္ခမျိုးစုံကြောင့် လူဦးရေ သန်းပေါင်း ၁၉၀၀ ကျော်တို့ ဒုက္ခ ခံစားခဲ့ကြရပြီး လူ ခုနစ်သိန်းခန့် အသက် ဆုံးရှုံးခဲ့ရ သည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ ဖက်ဒရေးရှင်း၏ အစီရင်ခံစာအရ သိရှိရကြောင်း၊ ထိုသို့ဘေးဒုက္ခ ခံစားရသူဦးရေ၏ ၇၉ ရာခိုင်နှုန်းသည် အာရှဒေသတွင်းမှာ ရှိနေပြီး မြန်မာနိုင်ငံတွင် ၁၂ သန်းကျော်ရှိကာ တစ်သိန်းလေးသောင်းခန့် အသက်ဆုံးရှုံးခဲ့ သည်ဟု သိရကြောင်း၊ ထိုအချက်ကို ကြည့်လျှင် မြန်မာနိုင်ငံရှိ ဘေးဒုက္ခခံစားရသူ ၁၀၀ လျှင် ၁ ဒသမ ၁၃ ဦးနှုန်း သေဆုံးနေသဖြင့် ဘေးအန္တရာယ်ကျရောက်စဉ် သေဆုံးနှုန်းမှာ မြင့်မားနေ သေး ကြောင်း၊ သို့ဖြစ်၍ ကြက်ခြေနီ အသင်းအနေဖြင့် ကြက်ခြေနီ လုပ်ငန်းများကို ယခု ထက် ပိုမို ဆောင်ရွက်ဖို့တိုက်တွန်းရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကလည်း လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှတစ်ဆင့် ပံ့ပိုး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

နေပြည်တော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့ မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့ မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

“လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ (Everywhere for Everyone)” ဆောင်ပုဒ်ဖြင့် ယခုနှစ် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ သံတမန် များ၊ အပြညည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း(IFRC) နှင့် မိတ်ဖက်အသင်းများမှ ကိုယ်စား လှယ် များ၊ ထူးချွန် ကြက်ခြေနီ မောင်မယ်များ တက်ရောက်ခဲ့ကြပြီး ကြက်ခြေနီ ဂုဏ်ရည်ဆု ချီးမြှင့်ခြင်း၊ နိုင်ငံတော် သမ္မတအား အထိမ်းအမှတ် လက်ဆောင် ပေးအပ်ခြင်း နိုင်ငံတော် သမ္မတက ကမ္ဘာ့ ကြက်ခြေနီနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.