Connect with us

Social

အာဆီယံ ဒေသတွင်းမှ ခရီးသွားဧည့်သည်များ AEC RIDE 2017 မော်တော်ဆိုင်ကယ် ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လည်ပတ်

AEC RIDE 2017 မော်တော်ဆိုင်ကယ် ခရီးစဉ်ဖြင့် လည်ပတ်ရန် ရောက်ရှိလာခဲ့စဉ်(ဓာတ်ပုံ- Ministry of Hotels and Tourism)

ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ)

မြဝတီ- ပဲခူး- နေပြည်တော်- ဘားအံ- မြဝတီ မြို့များသို့ AEC RIDE 2017 မော်တော် ဆိုင်ကယ်မောင်းနှင်ပွဲ ခရီးစဉ်ဖြင့် အာဆီယံ ဒေသတွင်း နိုင်ငံများ ဖြစ်သည့် ထိုင်း ၊ စင်္ကာပူ ၊ မလေးရှားနိုင်ငံတို့မှ ခရီးသွား ဧည့်သည် များသည် ကိုယ်ပိုင်မော်တော် ဆိုင်ကယ်များဖြင့် လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ ယနေ့မေ ၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု ၊ All Asia Exclusive Travels & Tours Co.,Ltd ၏စီစဉ်ဆောင်ရွက်မှုဖြင့် AEC RIDE 2017 မော်တော် ဆိုင်ကယ်မောင်းနှင်ပွဲ ခရီးစဉ်အား အာဆီယံ ဒေသတွင်း နိုင်ငံများ ဖြစ်သည့် ထိုင်း ၊ စင်္ကာပူ ၊ မလေးရှား နိုင်ငံတို့မှ ခရီးသွား ဧည့်သည် ၃၈ ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော် ဆိုင်ကယ် ၂၅ စီးဖြင့် မေ ၂ ရက် တွင် မြဝတီ ချစ်ကြည် ရေးတံတားမှ ဝင်ရောက်လာပြီး လမ်းခရီး တစ်လျှောက် ရေမြေတောတောင် သဘာ၀ ရှုခင်းများအား ကြည့်ရှုပြီး မေ ၅ ရက်တွင် မြဝတီ ချစ်ကြည်ရေး တံတားမှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ AEC RIDE 2017 မော်တော်ဆိုင်ကယ်မောင်းနှင်ပွဲခရီးစဉ်သည် ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မှ ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Honda Gold Bike Club မှ ဦးဆောင်ကျင်းပသည့် AEC RIDE 2017 စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့စဉ် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်သန်းမောင်းနှင်ရေး သဘောတူညီမှုဖြင့် ဝင်ရောက်မောင်းနှင်လည်ပတ်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။(Xinhua)