Connect with us

Social

ရေပေါ်တက္ကစီဇွန်လတွင်ပြေးဆွဲနိုင်ရန်ရည်ရွယ်ထားကြောင်း တင့်တင့်မြန်မာကုမ္ပဏီဥက္က္ကဋ္ဌပြောကြား

တင့်တင့်မြန်မာကုမ္ပဏီဥက္က္ကဋ္ဌဒေါ်တင့်တင့်လွင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် စတင်ပြေးဆွဲမည့်ရေပေါ်တက္ကစီ (Water Taxi) ပထမအဆင့်တွင် သဘောၤ၁၆ စင်းဖြင့် ဇွန်လထဲတွင် ပြေးဆွဲရန်ရည်ရွယ်ထားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ယနေ့ မေ၅ရက်တွင် ရန်ကုန်မြို့ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်တင့်တင့်လွင်က “ကျွန်မတို့ ကုမ္ပဏီအနေနဲ့ ဒီပရောဂျက်ကို အစိုးရရဲ့ ဘတ်ဂျက် နဲ့ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ကမ္ဘောဇဘဏ်ကနေ စီမံကိန်းချေးငွေ အနေနဲ့ ကျပ်ငွေ ဘီလီယံ ၃၇ ဘီလီယံကို ချေးယူဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ ကိုယ်ပိုင်ငွေ နဲ့ ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် ဒီစီမံကိန်း ကို ကျွန်မတို့ အတတ်နိုင်ဆုံး အောင်မြင်အောင်ကြိုးစားသွားမှာပါ’’ ဟုပြောသည်။

ပြည်တွင်း၊ ပြည်ပ မှကျွမ်းကျင်သည့် ရေယာဉ် မောင်းသူများကို အသုံးပြုထားပြီး၊ ပြည်တွင်းရေကြောင်း သွားလာရေးဥပဒေ နှင့် အညီ ခရီးသည်များ အတွက် အသက်အာမခံထားရှိခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေပေါ်တက္ကစီ စီးနင်းခများကို မှတ်တိုင်အလိုက် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ကျသင့် မည်ဖြစ်ပြီး၊ ရေယာဉ် ပေါ်တွင် ပိုက်ဆံ ကောက်ခံသည့် စနစ်ကို အသုံးပြုမည်မဟုတ်ကြောင်း၊ ဆိပ်ကမ်း မှတ်တိုင်များ အလိုက် လက်မှတ်များ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသုံးပြုမည့် ရေယာဉ်နမူနာပုံစံအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်ရေပေါ်တက္ကစီလက်မှတ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဒေါ်တင့်တင့်လွင်က “ ကျွန်မတို့ မိနစ် ၂၀ တစ်ကြိမ် ရေပေါ်တက္ကစီတွေက ထွက်နေမှာပါ။ LED ဘုတ်တွေကနေ သဘောၤချိန်တွေကို ကြေညာပေးနေမှာပါ။ တန်ပို၊ လူပို မတင်ပါဘူး။ သဘောၤ အရှိန်နှုန်း တွေ ကို စောင့်ကြည့်တဲ့ နည်းပညာတွေနဲ့ ဆောင်ရွက်သွားမှာပါ’’ ဟုပြောသည်။

ထိုရေပေါ်တက္ကစီကို မြစ်ကြောင်း ၃ ခုတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး လှိုင်သာယာမှ ဗိုလ်တစ်ထောင်ဆိပ်ကမ်း အထိ ပြေးဆွဲမည့်မြစ်ကြောင်း၊ သန်လျင်ဘက်ကိုပြေးဆွဲမည့်မြစ်ကြောင်း နှင့် ငမိုးရိပ်ဘက်သို့ ပြေးဆွဲမည့် မြစ်ကြောင်း တို့ဖြစ်သည်။ မြစ်ကြောင်းပေါ်မူတည်ပြီး ရေပေါ်တက္ကစီ အကြီးအသေးများ ကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ပထမဦးဆုံး အနေဖြင့် လှိုင်သာယာ၊ အင်းစိန်၊ ဗိုလ်တစ်ထောင် မြစ်ကြောင်း အား ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ တခြားမြစ်နှစ်ကြောင်း အတွက် ဆိပ်ကမ်းများဆောက်လုပ်နေကြောင်း သိရသည်။ လှိုင်သာယာ ဂိတ်အစမှ ဗိုလ်တစ်ထောင်အထိ ပြေးဆွဲချိန် ၁း၃၀ နာရီ ကြာမည်ဖြစ်ကြောင်း၊ လှိုင်သာယာ မှ နံနက် ၆ နာရီ မှ စတင်ကာ မိနစ်၂၀ တစ်ကြိမ် သဘောၤများ ပြေးဆွဲမည်ဖြစ်ပြီး၊ နောက်ဆုံး ရေပေါ်တက္ကစီ ကို ညနေ ၆း၃၀ နာရီ တွင် ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ ပြေးဆွဲမည်ဖြစ်သည်။ ထိုနောက်ဆုံး ရေယာဉ်သည် ည ၈နာရီ တွင် လှိုင်သာယာ သို့ ရောက်ရှိမည်ဖြစ်သည်။

ထိုလှိုင်မြစ်လမ်းကြောင်း အတွက် ဆိပ်ကမ်းမှတ်တိုင်များမှာ အင်းစိန် ကြိုးတံတားအနီး)၊ ဘုရင့်နောင်တံတား၊ FMI အိမ်ယာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တစ်ထောင် တံတားအမှတ် (၄) တို့ ဖြစ်ကြသည်။

သဘောၤများကို ပြည်ပ နိုင်ငံများမှ မှာယူထားသလို ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ပြည်တွင်းတွင်လည်း ဆောက်လုပ်ထားကြောင်း၊ သဘောၤ အမျိုးအစားအလိုက် ရေပေါ်တက္ကစီ အကြီး တွင် လူ ၁၆၀ မှ ၂၀၀ ဦး၊ အလတ် ဆိုပါက လူ ၈၀ဦး၊ အသေး ဆိုပါက လူ ၆၀ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.