Connect with us

Politics, Law & Military

Y-8လေယာဉ်ရှာဖွေရေးလုပ်ငန်းကို ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

Y-8 (၅၈၂၀)ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများ ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ပျက်ကျ Y-8လေယာဉ်ရှာဖွေရေးလုပ်ငန်းကို ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားရသူအားလုံးအား လူတစ်ယောက်ချင်းကို အသက်တစ်ချောင်း ဆုံးရှုံးမှုဟု ယူဆပါကြောင်း၊ ကူညီထောက်ပံ့ရေးအစီစဉ်များတွင် ဝိုင်းဝန်းကူညီ၍ ရေငုပ်ရှာဖွေရာတွင် သေဆုံးခဲ့ရသည့် ဦးစောနောင်ကိုပါ ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀)ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇူလိုင် ၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ယင်းပျက်ကျသည့် ဇွန် ၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရက်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်စုစုပေါင်း ၁၃ စီး၊ ထူးထူးတိုးကုမ္ပဏီ၊ ပြည့်ဖြိုးထွန်းကုမ္ပဏီ၊ ခိုင်ဇင်ယော်ကုမ္ပဏီနှင့် ဦးမင်းဦး ကုမ္ပဏီများမှ ဒေသခံငါးဖမ်းစက်လှေ ၂၆ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တပ်မတော်(ရေ)မှ ရေငုပ်စစ်သည်များနှင့် အရပ်ဘက်ရေငုပ် အဖွဲ့များ၏ ပူးပေါင်းလုပ်ဆောင်ခဲ့မှု အခြေအနေများ၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးဧရိယာအတွင်း ရာသီဥတုဆိုးရွားနေသည့် ကြားမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စွန့်စားစွာလုပ်ဆောင်ခဲ့မှုများ၊ ပျက်ကျ လေယာဉ်၏ အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများရှာဖွေတွေ့ရှိမှု၊ ဆယ်ယူပို့ဆောင်ပေးမှု အခြေ အနေများ၊ လက်ရှိစစ်ရေယာဉ် ၉ စီး၊ ဒေသခံငါးဖမ်းစက်လှေ ၈ စီး၊ ကျွမ်းကျင်ရေငုပ် အရာရှိ၊ စစ်သည် ၃၃ ဦးတို့ဖြင့် ရှာဖွေဆယ်ယူရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည့် အစီအမံများအား ရှင်းလင်း တင်ပြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဇွန် ၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ဆယ်ယူရရှိခဲ့သည့် လေယာဉ်အစိတ်အပိုင်း ၂၆၁ ခုအား လေယာဉ်ဦးပိုင်း (Nose Section) လေယာဉ်ကိုယ်ထည်ပိုင်း (Middle Fuselage) နှင့် လေယာဉ်အမြီးပိုင်း (Rear Section) ခွဲခြား၍ စိစစ်မှတ်တမ်းထားရှိမှုအခြေအနေများ၊ လေယာဉ်ပျက်ကျမှု နှင့်ပတ်သက်၍ တတိယအဖွဲ့အစည်း ပါဝင်သည့် ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.