Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အပူချိန် ၄၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာမှုကြောင့် လူခြောက်ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဘန်ဂါလူရူပြည်နယ်တွင် နေပူဒဏ်သက်သာစေရန် ထီးအရိပ်ခိုနေသော လမ်းဘေးဈေးသည်တစ်ဦးကို ၂၀၂၄ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစသန်ပြည်နယ်တွင် ပြင်းထန်သော အပူလှိုင်းဖြတ်မှုကြောင့် လူခြောက်ဦး သေဆုံးမှု ဖြစ်ပွားကြောင်း တာဝန်ရှိသူများက မေ ၂၈ ရက်တွင် ပြောသည်။
သေဆုံးသူများမှာ ပြည်နယ်အတွင်း အပူချိန် ၄၉ ဒီဂရီဆဲလ်စီးယပ်စ် အထိ မြင့်တက်လာချိန်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ရာဂျာစသန်ပြည်နယ် နေရာအားလုံးနီးပါးမှာ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်စ်ကျော် ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ရာဂျာစသန်ပြည်နယ်၌ ပြင်းထန်သော အပူလှိုင်း ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် အပူလျှပ်သူအရေအတွက်မှာလည်း မေ ၂၇ ရက်တွင် ၂ ,၈၀၉ ဦးမှ ၃,၆၂၂ ဦးအထိ တိုးလာကြောင်း သိရသည်။
မိုးလေဝသဌာနက အပူဒဏ်ကို ရှောင်ရှားပြီး အေးမြသောနေရာများတွင် နေထိုင်ရန် ပြည်သူများအား အကြံပြုထားပြီး ဖြစ်သည်။ ရေဆာနေသည်ဟု မခံစားရလျှင်ပင် ရေလုံလောက်စွာ သောက်သုံးခြင်းဖြင့် ရေဓာတ်ကို ထိန်းထားရန်အတွက်လည်း ပြည်သူများအား တိုက်တွန်းထားပြီးဖြစ်သည်။ (Xinhua)

…………………….
(English Version)
Heat wave kills 6 in India’s Rajasthan as mercury soars to 49 degrees Celsius
NEW DELHI, May 28 (Xinhua) — Six people were killed due to a prevailing severe heat wave in the western Indian state of Rajasthan, officials said Tuesday.
The deaths were reported at a time when the mercury soared to 49 degrees Celsius in the state. Almost all the places in Rajasthan registered a temperature of over 45 degrees Celsius.
The local government has issued an advisory asking the public to take heat wave precautions.
Reports said the number of heatstroke patients in Rajasthan increased from 2,809 to 3,622 on Monday as the state continued to witness intense heat wave conditions.
The weather department has already suggested people to avoid heat exposure and stay in cool places. It has also asked people to keep hydrated by drinking sufficient water, even if they do not feel thirsty.■
A roadside vendor seeks shade under umbrella from heat wave in Bengaluru, India, May 2, 2024. (Xinhua Stringer)