Connect with us

Latin America

ဂရိပိုင် ကျူတာကျောက်မီးသွေးတင်သင်္ဘော ပင်လယ်နီ၌ နစ်မြုပ်ခဲ့သည့် ဒုတိယသင်္ဘောဖြစ်လာ

ဟူသီအဖွဲ့က တိုက်ခိုက်ခဲ့သော ဗြိတိန်ကုန်တင်သင်္ဘော ရူဘီမာကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ရက်သတ္တပတ်က ပင်လယ်နီရေပြင်အတွင်း ဟူသီသူပုန်အုပ်စု၏ တိုက်ခိုက်မှုခံခဲ့ရသော ဂရိနိုင်ငံပိုင် ကျူတာကျောက်မီးသွေးတင် သင်္ဘောမှာ နစ်မြုပ်ခဲ့ပြီဖြစ်ကြောင်း သင်္ဘောဆယ်ယူရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကျူတာကျောက်မီးသွေးတင် သင်္ဘောသည် ဇွန် ၁၂ ရက်က ပင်လယ်နီရေပြင်အတွင်း မောင်းနှင်နေစဉ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အပြင် ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ထားသည့် အဝေးထိန်းရေယာဉ်ငယ်တစ်စီး၏ တိုက်ခိုက်မှုကိုပါ ရင်ဆိုင်ခဲ့ရသည်။
ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း ကျူတာကျောက်မီးသွေးတင် သင်္ဘောအတွင်းသို့ ရေများစတင် ဝင်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်္ဘောကို ဆယ်ယူရေးအတွက် ဆယ်ယူရေးသင်္ဘောနှစ်စင်း သွားရောက်နေချိန်မှာပင် ကျူတာကျောက်မီးသွေးတင် သင်္ဘောမှာနစ်မြုပ်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ပင်လယ်ရေကြောင်း လုံခြုံရေးအဖွဲ့အစည်းများက အတည်ပြုထားသည်။ (Xinhua)
……………………..
(English Version)
Merchant vessel sinks in Red Sea after Yemen’s Houthi attack
ADEN, Yemen, June 18 (Xinhua) — A merchant vessel struck by the Yemeni Houthi group days ago has sunk in the Red Sea, the United Kingdom Maritime Trade Operations (UKMTO), a facility of the British navy for handling international shipping emergencies, reported Tuesday.
The Greek-owned bulk carrier “Tutor” was hit twice on June 12 approximately 66 nautical miles southwest of the Yemeni port city of Hodeidah, the Yemeni government Coast Guard officials told Xinhua shortly after the strikes.
Houthi military spokesman Yahya Sarea claimed that the group targeted the ship with “an unmanned boat, several drones, and ballistic missiles,” causing severe damage and putting the vessel “at risk of sinking.”
The Coast Guard officials said an unmanned boat detonated at the stern, causing a big leak in the vessel’s hull.
Despite search efforts, a missing member among the 21 multinational crew had not been located, the officials have said.
Following the incident, the UKMTO said in an update on June 15 that the crew of the vessel had been evacuated by military authorities, and the vessel had been abandoned, adrift on the water.
Since last November, the Houthis have been conducting military operations in the Red Sea and the Bab al-Mandab Strait, targeting ships they claim are Israel-linked or bound for Israel.
This undated photo provided by Yemeni government shows the British cargo ship Rubymar, which was attacked by the Houthi group on Feb. 18, 2024 (Xinhua)