Connect with us

Economy

တတ်သိပညာရှင်အဖွဲ့၏ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီရင်ခံစာ၌ တီထွင်ဆန်းသစ်မှု၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချမှုတို့ကို အလေးထားဖော်ပြ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Taxkorgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ Khunjerab တောင်ကျော်လမ်းသို့ ဝင်ရောက်မည့် ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးကို အထောက်အကူပေးရန်အတွက် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် အဓိကခြေလှမ်း ၈ ရပ်နှင့် ပတ်သက်၍ တတ်သိပညာရှင် အဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာလုပ်ဆောင်ရေး၊ တီထွင်ဆန်းသစ်မှု အသားပေးသော ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရေး၊ ထိခိုက်ဆုံးရှုံးနိုင်ခြေအပေါ် ကိုင်တွယ်စီမံမှု ခိုင်မာအားကောင်းရေး၊ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ တိုးတက်‌ကောင်းမွန်ရေးတို့ကို အလေးထားဖော်ပြခဲ့ကြောင်း သိရသည်။ဆင်ဟွာ သတင်းအေဂျင်စီနှင့် ပူးပေါင်းထားသော တတ်သိပညာရှင်အဖွဲ့ Xinhua Institute က “ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာကောင်းသော ဆယ်စုနှစ်သစ်အတွက် အဓိက ရှေ့ပြေးခြေလှမ်း ၈ ရပ်” ဟု အမည်ပေးထားသော အစီရင်ခံစာအား နိုင်ငံတကာ တတ်သိပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်နှင့် ဒုတိယအကြိမ် ပိုးလမ်းမ (ရှီးအန်း) အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဖိုရမ်၌ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

တီထွင်ဆန်းသစ်မှု အသားပေးသော ဖွံ့ဖြိုးတိုးတက်မှုအား အားပေးမြှင့်တင်ရာတွင် အဓိက ခြေလှမ်း ၈ ရပ်က အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အဓိကအာရုံစိုက်၍ ထွန်းသစ်စ နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ မြှင့်တင်လျက် ကုန်ထုတ်စွမ်းအားသစ် တိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထိခိုက်ဆုံးရှုံးနိုင်ခြေအား လျှော့ချရာတွင် အဆိုပါ အဓိကခြေလှမ်း ၈ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းက ပြင်ပမှ အန္တရာယ်များကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) မိတ်ဖက်နိုင်ငံများအကြား ပိုမိုခိုင်မာသော ဘုံသဘောတူညီမှုကို တည်ဆောက်ရန်အတွက် စုပေါင်းညီညာမှု၊ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

BRI အဆိုပြုချက်၏ ပုံရိပ်အား ထိခိုက်စေရန်၊ မှေးမှိန်စေရန် ရည်ရွယ်လျက် ယင်းအဆိုပြုချက်အား “ကြွေးမြီထောင်ချောက်” ဟူ၍တစ်မျိုး၊ “ကိုလိုနီလက်သစ်ဝါဒ” ဟူ၍တစ်ဖုံ၊ “စနစ်တကျ ပို့ကုန်ပုံစံတစ်မျိုး” ဟူ၍တစ်သွယ် ပုံဖော်နေသည့် မဟုတ်မမှန် လုပ်ကြံပြောဆိုမှုများကဲ့သို့ အချို့သော နိုင်ငံများ၏ အပျက်သဘောဖြင့် စနစ်တကျ ဝါဒဖြန့်နေခြင်းကို အမြဲမပြတ် သတိပြုကြရန်လည်း အဆိုပါ အစီရင်ခံစာ၌ တိုက်တွန်းထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ရပ်ဝန်းနှင့် ပိုးလမ်းမ၏ အရည်အသွေးမြင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆက်လက်ဖော်ဆောင်ရန် ရည်ရွယ်သည့် အဓိကခြေလှမ်း ၈ ရပ်အား တရုတ်နိုင်ငံက ‌ကြေညာခဲ့သည်။ (Xinhua)
————————
(English Version)
Think tank report on Belt and Road cooperation stresses innovation, risk mitigation
XI’AN, Oct. 15 (Xinhua) — A think tank report on “eight major steps” proposed by China to support high-quality Belt and Road cooperation stressed consolidating practical cooperation, fostering innovation-driven growth, strengthening risk management, and improving cooperation mechanisms.
The report, titled “‘Eight Major Steps’ Heralds Promising New Decade of Belt and Road Cooperation,” was released Tuesday by Xinhua Institute, a think tank affiliated with Xinhua News Agency, at the Belt and Road Forum for International Think Tank Cooperation & the Second Silk Road (Xi’an) International Communication Forum.
In terms of fostering innovation-driven growth, the report said, the eight major steps aimed to foster the development of new productivity by focusing on green and digital growth while further expanding cooperation in emerging fields.
In risk mitigation, the report said, the successful implementation of the eight major steps will require deepening solidarity and cooperation to jointly address external risks and build stronger internal consensus among the Belt and Road Initiative (BRI) partner countries.
It called on BRI partner countries to remain vigilant against systemic negative propaganda promoted by certain countries, such as false narratives that label the BRI as a “debt trap,” “neocolonialism,” or a form of “systemic export,” which aims to undermine and tarnish the initiative’s image.

China announced the eight major steps aiming at advancing the high-quality development of the Belt and Road at the third Belt and Road Forum for International Cooperation convened in October 2023. Enditem
English Caption
A policeman checks a vehicle entering the Khunjerab Pass in Taxkorgan Tajik Autonomous County, northwest China’s Xinjiang Uygur Autonomous Region, Nov. 6, 2023. (Photo by Wang Zhilong/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.