Connect with us

Media

ဟောင်ကောင်ဒေသ၌ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ ပထမဆုံးအကြိမ် တွေ့ရှိ

ဟောင်ကောင်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဟောင်ကောင် အရှေ့မြောက်ပိုင်း ရေပြင် ဟောင်ကောင် ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်ရှိ Port ကျွန်းပေါ်တွင် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ တည်ရှိသောနေရာအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် မတ်လအတွင်းက Port ကျွန်းပေါ်ရှိ နုန်းကျောက်တွင် ကျောရိုးရှိသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းများဟု ယူဆရဖွယ်ရှိသည့်အရာများ ပါဝင်နေကြောင်း HKSAR အစိုးရ ရှေးဟောင်းပစ္စည်းနှင့် သမိုင်းဝင်အဆောက်အအုံရုံး (AMO)ထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
တရုတ်သိပ္ပံအကယ်ဒမီ(CAS) ကျောရိုးရှိသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းပညာနှင့် ရှေးခေတ်မနုဿဗေဒ အဖွဲ့အစည်း (IVPP) မှ ပညာရှင်များအား ဟောင်ကောင်ဒေသသို့ လာရောက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးရန်၊ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာများအား လေ့လာရန်၊ စီမံမှုအစီအစဉ်များ အကြံပြုရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်မှုများ ဆွေးနွေးရန် HKSAR အစိုးရ ဖွံ့ဖြိုးတိုးတက်ရေးဗျူရိုက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကျောက်ဖြစ်ရုပ်ကြွင်းများက ခရေတေးလျှ အချိန်ကာလက ဖြစ်ကြောင်း ကနဦး အတည်ပြုခဲ့သည်။
ယင်းရှာဖွေတွေ့ရှိမှုက အလွန်အရေးပါပြီး ဟောင်ကောင်ဒေသရှိ ရှေးခေတ်မနုဿဗေဒဆိုင်ရာ သုတေသနအတွက် အထောက်အထားအသစ် ပေးအပ်ကြောင်း HKSAR အစိုးရ ဖွံ့ဖြိုးတိုးတက်ရေးဗျူရိုက အတွင်းရေးမှူး Bernadette Linn က ပြောကြားခဲ့သည်။
ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းများ နောက်ဆက်တွဲ သုတေသနပြုမှုက ဟောင်ကောင်နှင့် ပြည်မကြီးအကြား သဘောတူညီချက်အသစ်အောက်တွင် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ဖြစ်ကြောင်း သိရသည်။ ( Xinhua)

…………………………..
(English Version)
Dinosaur fossils found in Hong Kong for 1st time
The Hong Kong Special Administrative Region (HKSAR) government on Wednesday announced that dinosaur fossils were discovered for the first time in Hong Kong.
The site where the dinosaur fossils were discovered was on Port Island in the Hong Kong UNESCO Global Geopark in the northeastern waters of Hong Kong.
The Antiquities and Monuments Office (AMO) of the HKSAR government was informed in March this year that the sedimentary rock on Port Island might contain suspected vertebrate fossils.
The Development Bureau of the HKSAR government then commissioned experts from the Institute of Vertebrate Paleontology and Paleoanthropology (IVPP) of the Chinese Academy of Sciences (CAS) to come to Hong Kong to conduct field investigation, study fossil specimens, recommend management plans and discuss follow-up actions.
It was initially confirmed that the fossils dated to the Cretaceous period (about 145 million to 66 million years ago).
Bernadette Linn, secretary for development of the HKSAR government, said that the discovery is of great significance and provides new evidence for research on palaeoecology in Hong Kong.
The follow-up research on the dinosaur fossils is the first cooperation project under a new agreement between Hong Kong and the mainland.
Xinhua News Agency correspondents reporting from Hong Kong, China. (XHTV)