Business
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဧပြီလမှ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလီယံကျော်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလီယံကျော်ရှိကြောင်း နိုဝင်ဘာ ၂၇ ရက်ထုတ် Global New Light of Myanmar နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။
ယင်းကာလအတွင်း ပြည်ပသို့ ပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့် ရရှိခဲ့ပြီး သွင်းကုန်များအနေဖြင့် အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံခန့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအား ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်အုပ်စုတွင် လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများ၊ သတ္ထုတွင်းထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ ပါဝင်ပြီး သွင်းကုန်အုပ်စုတွင်မူ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပို့ကုန်မြှင့်တင်ရေးအတွက် ၂၀၂၀-၂၀၂၅ အမျိုးသားပို့ကုန်မဟာဗျုဟာ (National Export Strategy-NES) အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
……………………….
(English Version)
Myanmar’s foreign trade exceeds 15.4 bln USD from April to October
YANGON, Nov. 27 (Xinhua) — Myanmar’s foreign trade has exceeded over 15.4 billion U.S. dollars from April 1 to October 25 in the current fiscal year 2024-25, the state-run newspaper Global New Light of Myanmar reported on Wednesday.
During this period, the Southeast Asian country earned about 8.5 billion dollars from exports, while its imports were valued at about 6.9 billion dollars, said the report, citing figures released by the Ministry of Commerce.
Myanmar mainly exports agricultural products, animal products, minerals, forest products, and finished industrial goods, while importing capital goods, intermediate goods, raw materials and consumer goods, it said.
To boost exports, the country is implementing the National Export Strategy (NES) 2020-2025, it added. ■
Photo – Container ships are docked at a port in Yangon, Myanmar, July 25, 2023. (Photo by Myo Kyaw Soe/Xinhua)