International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— အာဆင်နယ်က ဆာကာ၏ ခြေစွမ်းပြမှုဖြင့် ဝက်စ်ဟမ်းအား အနိုင်ယူကာ ပရီးမီးယားလိဂ်၌ အဆင့်-၂ သို့ ရောက်ရှိလာ
နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်အသင်းက အဝေးကွင်း၌ ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းက ပထမပိုင်း၌ အလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ဘူကာယို ဆာကာကလည်းကောင်း၊ ပွဲချိန် ၂၇ မိနစ်တွင် လီယန်ဒရို ထရော့ဆက်ဒ်ကလည်းကောင်း ဦးဆောင်ဂိုးများ အသီးသီးသွင်းယူခဲ့သည်။
ပွဲချိန် ၃၄ မိနစ်တွင် မာတင် အိုဒီဂတ်က ပင်နယ်တီမှတစ်ဆင့် တတိယဦးဆောင်ဂိုး သွင်းယူခဲ့သလို နှစ်မိနစ်အကြာတွင် ကိုင်ဟားဗက်ဇ်က စတုတ္ထဂိုး သွင်းယူခဲ့သည်။ ထို့နောက် ဝက်စ်ဟမ်းအသင်းမှ အေရွန် ဝမ်ဘစ်ဆာကာနှင့် အီမာဆန်တို့က နှစ်မိနစ်အတွင်း နှစ်ဂိုးပြန်လည်သွင်းယူခဲ့သော်လည်း ပထမပိုင်းပြီးဆုံးခါနီး နာကျင်အချိန်ပိုတွင် ဆာကာက ပင်နယ်တီမှတစ်ဆင့် အနိုင်သေချာစေမည့် နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးအား သွင်းယူခဲ့သည်။
…..
— လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာက လက်စ်ပါမားစ်အား အိမ်ကွင်း၌ရှုံးနိမ့်
နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ် တစ်ပွဲဖြစ်သည့် ဘာစီလိုနာအသင်းနှင့် လက်စ်ပါမားစ်အသင်း၏ ပွဲစဉ်တွင် လက်စ်ပါမားစ်က အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာအား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လက်စ်ပါမားစ်အသင်းမှာ ဒီယေဂို မာတီနက်ဇ် နည်းပြအဖြစ် ကိုင်တွယ်ပြီးနောက်ပိုင်း စွမ်းဆောင်ရည် သိသိသာသာ ကောင်းမွန်လာခဲ့သည်။ နေရာလွတ်အများအပြား ရရှိထားသော ဘာစီလိုနာ ကစားသမားဟောင်း ဆန်ဒရို ရာမီရက်ဇ်က ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွင် လက်စ်ပါမားစ်အတွက် အနိမ့်ကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ပွဲချိန် ၆၁ မိနစ်တွင် ရာဖင်ညာက ပင်နယ်တီဧရိယာ အပြင်ဘက်မှ ဘယ်ခြေဖြင့် အနိမ့်ကန်သွင်းကာ ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ခုနစ်မိနစ်အကြာတွင် ဖေဘီယို ဆေးလ်ဗားက လူကျွံထောင်ချောက်အား ဖောက်ထွက်ကာ ဘာစီလိုနာဂိုးသမား အင်နာကီ ပီနာကိုကျော်၍ အနိုင်ဂိုးသွင်းယူခဲ့သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်နှင့် ဒေါ့မွန် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်
နိုဝင်ဘာ ၃၀ ရက်က ဘိုင်ယန်မြူးနစ်နှင့် ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၁၂ တွင် အမှတ်ပေးဇယား ဦးဆောင်သူ ဘိုင်ယန်အသင်းက ဂျမားလ် မူစီယာလာ၏ နောက်ကျချေပဂိုးကြောင့် ဒေါ့မွန်အသင်းနှင့် ၁ ဂိုးစီ သရေကျခဲ့သည်။ ယခုရလဒ်ကြောင့် ဘိုင်ယန်အသင်းက အမှတ်ပေးဇယားထိပ်ဆုံး၌ ၇ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ဒေါ့မွန်အသင်းကမူ အဆင့်-၅ ၌ ဆက်လက်ရပ်တည်နေသည်။ အဆိုပါပွဲစဉ်သည် ဂျာမန်ထိပ်သီးကလပ်များဖြစ်သည့် ဘိုင်ယန်နှင့် ဒေါ့မွန်တို့ ၁၁၁ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံသည့် Klassiker ပွဲစဉ်ဖြစ်သည်။
…..
— တစ်ယောက်လျော့ ဘိုတာဖိုဂိုအသင်းက ကိုပါလစ်ဘာတာဒိုးရက်စ်ဖလားအား ပထမဆုံးအကြိမ် ဆွတ်ခူး
နိုဝင်ဘာ ၃၀ ရက်က ဘရာဇီးကလပ်နှစ်သင်း ယှဉ်ပြိုင်ခဲ့သည့် ကိုပါလစ်ဘာတာဒိုးရက်စ်ဖလား ဗိုလ်လုပွဲတွင် ဘိုတာဖိုဂိုအသင်းက ကစားသမားတစ်ဦး စောစီးစွာ ထုတ်ပယ်ခံခဲ့ရသော်လည်း ပြိုင်ဘက် အက်သလက်တီကို မင်နဲရိုးအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ၎င်းတို့အတွက် ပထမဆုံး ကိုပါလစ်ဘာတာဒိုးရက်စ်ဖလားအား သိမ်းပိုက်နိုင်ခဲ့သည်။ (Xinhua)
#Sports #PremierLeague #LaLiga #Bundesliga #CopaLibertadores #အားကစား #ပရီးမီးယားလိဂ် #လာလီဂါ #ဘွန်ဒက်စ်လီဂါ #ကိုပါလစ်ဘာတာဒိုးရက်စ်
(English Version)
Saka on song as Arsenal moves second in Premier League
Arsenal moved to second in the Premier League table on Saturday after a magnificent first half performance saw it to a 5-2 win away to West Ham United. Bukayo Saka inspired his side to the win with assists for Gabriel Magalhaes after just 10 minutes and Leandro Trossard in the 27th minute.
Martin Odegaard made it 3-0 from the penalty spot on 34 minutes and Kai Havertz added a fourth two minutes later. Aaron Wan-Bissaka and Emerson gave West Ham brief hope with two goals in two minutes, but Saka’s penalty deep into injury time ended any doubts about the result.
…..
Barcelona loses to Las Palmas as Atletico cruises past Valladolid in La Liga
Las Palmas ruined FC Barcelona’s 125th birthday celebrations and enjoyed a 2-1 win away to the La Liga leaders in Montjuic on Saturday.
Las Palmas has been greatly improved since the arrival of Diego Martinez as coach. Raphinha hit the bar for Barcelona on the stroke of halftime, but former Barca player Sandro Ramirez put Las Palmas ahead early in the second half with a low shot after finding plenty of space in attack.
Raphinha leveled for his side on the hour with a low left-foot drive from outside of the penalty area, but parity lasted just seven minutes, before Fabio Silva sprung the offside trap and beat Inaki Pena with a bouncing shot.
…..
Bayern clinches late draw at Dortmund in Bundesliga
Jamal Musiala’s last-gasp equalizer earned league leader Bayern Munich a 1-1 draw with resilient Borussia Dortmund in the 111th Klassiker at the 12th round in Bundesliga on Saturday. The result leaves Bayern seven points clear at the top of the table, while Dortmund remains fifth.
…..
10-man Botafogo clinches first Copa Libertadores crown
Botafogo overcame an early red card to secure their first Copa Libertadores title on Saturday with a 3-1 victory over Atletico Mineiro in a gripping all-Brazilian final.