Business
မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပဲမျိုးစုံ တန်ချိန် ၁.၅ သန်းကျော် တင်ပို့
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပဲမျိုးစုံ တန်ချိန် ၁.၅ သန်းကျော် တင်ပို့ခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်ထုတ် The Global New Light of Myanmar သတင်းစာအရ သိရသည်။
အဆိုပါ တင်ပို့ခဲ့သော ပဲမျိုးစုံတွင် မတ်ပဲ တန်ချိန် ၇၀၀,၀၀၀ ၊ ပဲစင်းငုံ တန်ချိန် ၂၀၀,၀၀၀ နှင့် ပဲတီစိမ်း တန်ချိန် ၄၀၀,၀၀၀ တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းအား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ပြည်ပဈေးကွက်သို့ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ စသည်တို့ကို အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။
ယင်းတို့အနက် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ပဲတီစိမ်းကိုမူ တရုတ်နိုင်ငံနှင့် ဥရောပသို့ တင်ပို့လျက်ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
…………………….
(English Version)
Myanmar pulse exports exceed 1.5 mln tons in April-December of FY 2024-2025
YANGON, Jan. 22 (Xinhua) — Myanmar exported over 1.5 million tons of pulses between April and December of the 2024-2025 fiscal year, state-run daily The Global New Light of Myanmar reported on Wednesday.
The exports included 700,000 tons of black gram, 200,000 tons of pigeon pea and 400,000 tons of green gram, the report said, citing Myanmar Pulses, Beans, Maize and Sesame Seeds Merchants Association.
Myanmar mainly exports black gram, green gram and pigeon peas to foreign markets, it said.
Of them, black gram and pigeon peas are primarily shipped to India, while green gram is exported to China and Europe, it added.
Photo: This photo taken on March 9, 2023 shows green grams samples at a beans and pulses processing plant in Yangon, Myanmar. (Photo by Myo Kyaw Soe/Xinhua)