Europe
အမေရိကန်နှင့် ဆက်ဆံရေး မရေရာမှုများကြား ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ဥရောပသမဂ္ဂ ထုတ်ပြန်ကြေညာ

ဘရပ်ဆဲလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
အနာဂတ်တွင် နေတိုးအဖွဲ့အား အမေရိကန်၏ ပံ့ပိုးမှုနှင့်ပတ်သက်၍ မရေမရာရှိနေချိန်တွင် ဥရောပကော်မရှင်က စစ်ရေးအရ အသင့်ရှိမှုကို တိုးမြှင့်ကာ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်မဟုတ်သော မဟာမိတ်များအပေါ် မှီခိုမှုလျှော့ချရန် ရည်ရွယ်လျက် အီးယူ၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် ကျယ်ပြန့်သော စီမံချက်တစ်ရပ်ကို မတ် ၁၉ ရက်က ကြေညာခဲ့သည်။
“ကျွန်မတို့ အမှီပြုနေတဲ့ လုံခြုံရေးဆိုင်ရာ အခင်းအကျင်းကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ပါဘူး။ ဥရောပဟာ အရှိန်မြှင့်ပြင်ဆင်သွားဖို့ အသင့်ရှိနေပါပြီ။ ကျွန်မတို့အနေနဲ့ ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံပြီး ကာကွယ်ရေးစွမ်းရည်ကို အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်တဲ့ ချဉ်းကပ်မှုပုံစံကို ကျင့်သုံးရမှာပါ” ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းစီမံချက်၏ အဓိကအကျဆုံး အစိတ်အပိုင်းမှာ White Paper for European Defence – Readiness 2030 ဟူသော ဥရောပကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းနှင့် ကာကွယ်ရေးစွမ်းရည်အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား ဘဏ္ဍာရေးအရ ထောက်ကူပေးမည့် ကာကွယ်ရေး အစီအမံတို့ပင်ဖြစ်သည်။ ယင်းတို့သည် ReArm Europe Plan/Readiness 2030 ကာကွယ်ရေးစီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဥရောပကော်မရှင်က ဆိုသည်။
အီးယူအဖွဲ့ဝင်နိုင်ငံများက ဖော်ထုတ်တွေ့ရှိရသည့် အလွန်အရေးပါသော ကာကွယ်ရေးဆိုင်ရာ ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရေး၊ စုပေါင်းဝယ်ယူဖြည့်တင်းမှု မြှင့်တင်ရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဥရောပ၏ စစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍ ခိုင်မာအားကောင်းရေး စသော အဓိကဦးစားပေး ကိစ္စရပ်များကို အဆိုပါ စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
ထို့ပြင် ယူကရိန်းအတွက် စစ်ရေးအကူအညီများ တိုးမြှင့်ရန်၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းထိရောက်စွာ ချိန်ညှိခြင်းဖြင့် ဥရောပသမဂ္ဂတစ်ခွင်၌ စစ်လက်နက်ပစ္စည်းဈေးကွက် ချဲ့ထွင်ရန် လိုအပ်သည်ဟုလည်း ထိုစက္ကူဖြူစာတမ်း၌ အလေးအနက် ဖော်ပြထားသည်။ လက်ရှိတွင်မူ အီးယူအဖွဲ့ဝင်နိုင်ငံများက အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းစနစ်များကို အသုံးပြုလျက်ရှိသဖြင့် အပြန်အလှန် ချိတ်ဆက်နိုင်စွမ်းနှင့် ထိရောက်မှုတို့တွင် အကန့်အသတ်ဖြစ်ပေါ်လျက်ရှိသည်။
အနာဂတ်စီမံချက်သစ်ကို အီးယူအစိုးရခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခြင်းဖြစ်ရာ ဥရောပကာကွယ်ရေး ကိစ္စရပ်က ထိပ်သီးအစည်းအဝေး၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်ရှိနေပါသည်။
(Xinhua)
……………………………………………………………….
(English Version)
EU unveils white paper on defense amid U.S. uncertainty
BRUSSELS, March 19 (Xinhua) — The European Commission on Wednesday introduced a comprehensive plan to enhance the European Union’s (EU) defense capabilities, aiming to bolster military readiness and reduce reliance on non-EU allies amid uncertainty over future U.S. support for NATO.
“The security architecture that we relied on can no longer be taken for granted. Europe is ready to step up. We must invest in defense, strengthen our capabilities, and take a proactive approach to security,” Commission President Ursula von der Leyen said in a statement.
At the core of the plan is the White Paper for European Defence – Readiness 2030, and a defense package providing financial levers to EU member states for boosting investment in defense capabilities. These are part of the ReArm Europe Plan/Readiness 2030, the Commission said.
The white paper outlines key priorities, including addressing critical defense gaps identified by EU member states and strengthening Europe’s defense industry through increased joint procurement efforts.
It also emphasizes the need to increase military support for Ukraine and expand the EU-wide defense market by streamlining regulations to improve efficiency and cooperation. Currently, EU nations operate a wide array of different weapons systems, limiting interoperability and efficiency.
The new blueprint was unveiled ahead of a summit of EU government leaders, where European defense remains a top agenda topic.
English Caption
Ursula von der Leyen, president of the European Commission, gives a press statement on EU countermeasures to U.S. tariffs in Strasbourg, France, March 12, 2025. (European Union/Handout via Xinhua)