Connect with us

Australia / Oceania

တောင်ပစိဖိတ်သမုဒ္ဒရာ နယူးကယ်လ်ဒိုးနီးယားတွင် ပြင်းအား ၆.၈အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှုပြ ပုံတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မေ ၁၉ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်သမုဒ္ဒရာ နယူးကယ်လ်ဒိုးနီးယား Tadine အနီးပင်လယ်ပြင်တွင် မေ ၁၉ ရက်က ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူဗိဗေဒတိုင်းတာရေးဌာန(USGS) မြေငလျင်သတင်းဝက်ဘ်ဆိုက်၏ သတင်းများ အရသိရသည်။

အဆိုပါငလျင်သည် ဒေသစံတော်ချိန် ၁၁ နာရီ ၂၃မိနစ်တွင် Tadineအရှေ့ဘက် ၁၇၈ ကီလိုမီတာ၊ တောင်လတ္တီကျု ၂၁.၇၀၀ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၆၉.၆၀၀ ဒီဂရီ ၊အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါငလျင်နှင့်စပ်လျဉ်း၍ တောင်ပစိဖတ်သမုဒ္ဒရာ ဆူနာမီ သတိပေးစင်တာမှ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်း မရှိဟု သိရသည်။ (Xinhua)