Connect with us

Videos

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mrs. Carrie Lam က ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေနှင့်စပ်လျဉ်း၍ မိန်းခွန်းပြောကြား 

ဟောင်ကောင်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mrs. Carrie Lam က ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုနှင့်စပ်လျဉ်း၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာတွင် Mrs. Carrie Lam က “ဟောင်ကောင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခွဲခြားဖယ်ထုတ်လို့မရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ၊ ဗဟိုပြည်သူ့အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိတဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုလည်းဖြစ်ပါတယ်။ ဟောင်ကောင်ဟာ တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒအောက်မှာ  မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ရပ်တည်ရတာကို နှစ်သက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာဆိုရင် ဟောင်ကောင်လူ့အသိုက်အဝန်းမှာ စိတ်မချမ်းမြေ့ဖွယ်အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ဆူပူအုံကြွမှုတွေ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေ ဖောက်ခွဲမှုရမ်းကားမှုတွေ နဲ့ အကြမ်းဖက်ဆန်ဆန် လုပ်ရပ်တွေကိုဖန်တီးခဲ့ကြပါတယ်၊ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကလည်း ဟောင်ကောင်ရဲ့ လွတ်လပ်ရေးအတွက်ဆိုပြီး မြှောက်ထိုးပင့်ကော်လုပ်ရပ်တွေလုပ်ကြပြီးတော့ ဟောင်ကောင်အရေးကို ဝင်ရောက်စွက်ဖက်တဲ့ တိုင်းတပါးနိုင်ငံတွေရဲ့ လုပ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ကြရပါတယ် အဆိုပါလုပ်ရပ်တွေဟာ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ပါတယ်။ ဟောင်ကောင်ဟာဆိုရင် တစ်ဖြည်းဖြည်းနဲ့ အမျိုးသားလုံခြုံရေးမှာ ဖရိုဖရဲဖြစ်လာရုံတင်မကဘဲ ဟောင်ကောင်ရဲ့ အကျိုးစီးပွားနှင့် တည်ငြိမ်အေးချမ်းမှုမှာလည်း အန္တရာယ်ကျရောက်လို့နေပါပြီ။ စိတ်မကောင်းစွာဘဲ လက်ရှိအချိန်မှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအနေနဲ့လည်း အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ့် ဒေသဆိုင်ရာ ဥပဒေတွေကိုပြဋ္ဌာန်းဖို့ရာ အခွင့်အလမ်းအလွန်နည်းပါးခဲ့ရပါတယ်။ ဒီအခြေအနေများကြောင့် ဗဟိုအစိုးရ အာဏာပိုင်တွေအနေနဲ့ ရွေးချယ်စရာမရှိတော့ဘဲ ဥပ‌ဒေစနစ်တစ်ခုလုံးအတည်ပြုဖို့နဲ့ တိုးတက်စေဖို့အတွက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရဲ့ အမျိုးသားအကျိုးစီးပွားကိုကာကွယ်နိုင်မယ့် ယန္တရားတစ်ရပ်ကို ဖွဲ့စည်းပုံဆိုင်ရာ အစည်းအဝေးမှာ ထည့်သွင်းပြဌာန်းခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း ခပ်လွယ်လွယ်ဆုံးဖြတ်ခဲ့တာတော့မဟုတ်ပါဘူး။ အမျိုးသားလုံခြုံရေးဥပဒေဟာ တကယ့်ကို အစွန်းရောက်လွန်းတဲ့ တရားမဝင် လုပ်ရပ်တွေ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ကိုင်နေတဲ့ လူနည်းစုတွေကိုပဲ ပစ်မှတ်ထားရေးဆွဲခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ အခြေခံလူ့အခွင့်အရေးတွေ၊ ပြည်သူလူထုအများစုရဲ့ အပေါ် ခြုံငုံမိစေနိုင်တဲ့ လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်ပေးသွားမှာပါ။ ဒါတွေအပြင် ဒီဥပဒေဟာ ဟောင်ကောင်ဒေသကို ပြန်လည်တည်ငြိမ်စေမှာလည်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပြည်သူများအားလုံးကို အသစ်ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေအပေါ်တွင် အပြည့်အဝ နားလည်ဖို့နဲ့ ကူညီထောက်ခံပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.