North America
ရုရှားလေယာဉ်များအတွက် အမေရိကန်လေပိုင်နက် ပိတ်ထားရေး ဘိုင်ဒန်ကြေညာ
ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံက လက်ရှိလုပ်ဆောင်နေသော စစ်ဆင်ရေးများအား တုန့်ပြန်သည့်အနေဖြင့် ရုရှားလေယာဉ်များအားလုံးအတွက် အမေရိကန်နိုင်ငံ လေပိုင်နက်ကို ပိတ်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မတ် ၁ ရက်၌ ကြေညာခဲ့သည်။
ဘိုင်ဒန်က ကွန်ဂရက် ပူးတွဲအစည်းအဝေး၌ ၎င်းသမ္မတသက်တမ်း၏ ပထမဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားစဉ် ယင်းကြေညာချက်အား ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ရုရှားလေကြောင်းပျံသန်းမှုတွေအားလုံးအတွက် အမေရိကန်လေပိုင်နက်ကို ပိတ်ထားဖို့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ကျွန်တော် ဒီကနေ့ညကြေညာလိုက်ပါတယ်။ ရုရှားကို ပိုပြီးအထီးကျန်ဖြစ်စေပြီးတော့ သူတို့ရဲ့ စီးပွားရေးအပေါ် ထပ်ပြီးအကျပ်အတည်းတွေ့စေမှာဖြစ်ပါတယ်” ဟု ဘိုင်ဒန်က ဆိုသည်။
ဥရောပသမဂ္ဂ (European Union) နှင့် ကနေဒါနိုင်ငံတို့က မတ် ၂၇ ရက်က အလားတူဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဆောင်ရွက်မှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ လေကြောင်းအာဏာပိုင်ကလည်း အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ၎င်း၏လေပိုင်နက် အသုံးပြုခြင်းအား တားမြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအား ရှုတ်ချပြီး ယူကရိန်းနိုင်ငံအား အမေရိကန်က ပံ့ပိုးသွားမည်ဟု ထပ်လောင်းပြောကြားလျက် အမေရိကန်တပ်ဖွဲ့များအနေဖြင့် “စေ့စပ်ညှိနှိုင်းမည်မဟုတ်ကြောင်းနှင့် ယူကရိန်းရှိ ရုရှားတပ်ဖွဲ့များနှင့်လည်း ပဋိပက္ခအတွင်း စေ့စပ်ညှိနှိုင်းမည်မဟုတ်ကြောင်း” ဘိုင်ဒန်က ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
——————————
(English Version)
Biden announces closure of U.S. airspace to Russian planes
WASHINGTON, March 1 (Xinhua) — U.S. President Joe Biden announced Tuesday that the United States will close its airspace to all Russian planes in response to Moscow’s ongoing military operations in Ukraine.
Biden made the announcement while delivering his State of the Union address, the first of his presidency, to a joint session of Congress.
“Tonight I’m announcing that we will join our allies in closing off American airspace to all Russian flights, further isolating Russia and adding additional squeeze on their economy,” Biden said.
The U.S. move followed similar ones made by the European Union and Canada on Sunday.
In retaliation, the Russian aviation authority said Monday that Russia will ban airlines from 36 countries, including the 27 members of the EU, from using the country’s airspace.
While condemning Russia and reaffirming U.S. support for Ukraine, Biden reiterated in his speech that U.S. forces “are not engaged and will not engage in the conflict with Russian forces in Ukraine.” Enditem
Photo : U.S. President Joe Biden addresses a joint session of Congress in Washington, D.C., the United States, April 28, 2021. (Melina Mara/Pool via Xinhua)