Connect with us

Asia

ပါကစ္စတန်နိုင်ငံရှိ ဗလီပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၆ ဦးရှိ၊ ၂၀၀ နီးပါး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗလီအတွင်း ပျက်စီးသွားသောနေရာအား လူအများကြည့်ရှုနေသည်ကို မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် Khyber Pakhtunkhwa ပြည်နယ် ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုတွင် မတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၅၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအရ သိရသည်။ဒဏ်ရာရရှိသူများအားလုံးကို ရွှေ့ပြောင်းခဲ့သည့် ပက်ရှ်ဝါမြို့ရှိ Lady Reading ဆေးရုံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Muhammad Asim က ဒဏ်ရာရရှိသူ ၁၉၅ ဦးကျော်ရှိကြောင်းနှင့် သေဆုံးသူအရေအတွက်ကို ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

ဒဏ်ရာရသူများအနက် အတော်များများမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေကြောင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံတွင် ဆေးဝါးများနှင့် သွေး အခြေခံအရေးပေါ် ပံ့ပိုးပေးလျက်ရှိသဖြင့် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်နေသူများအား မတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အကြမ်းဖက်သမား နှစ်ဦးက ဗလီအတွင်းဝင်ရောက်ရန် ကြိုးစားခဲ့ကြပြီး ယင်းနေရာ၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ကြောင်း ပက်ရှ်ဝါမြို့ အဆင့်မြင့်ရဲမှူး Haroon Rasheed က ဆင်ဟွာသို့ ပြောခဲ့သည်။ ပေါက်ကွဲမှုကြီး မဖြစ်ပွားမီက ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြားသူတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗလီအတွင်း ပျက်စီးသွားသောနေရာအား ကယ်ဆယ်ရေးသမားများက စစ်ဆေးကြည့်ရှုနေသည်ကို မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကနဦး စုံစမ်းစစ်ဆေးမှုပြီးနောက် ယင်းပေါက်ကွဲမှုမှာ အရပ်သားများအား ပစ်မှတ်ထားသော အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

ထိုအကြမ်းဖက်တိုက်ခိုက်မှုအား ရှုတ်ချလျက် ပါကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Sheikh Rasheed Ahmad က တိုက်ခိုက်မှုအတွက် ခြိမ်းခြောက်မှုသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်နေသူများအား မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်ပအဖွဲ့အစည်းများက ပါကစ္စတန်နိုင်ငံတွင် ငြိမ်းချမ်းရေး ပျက်ပြားစေရန် ကြိုတင်စီစဉ်ထားသည့် အကြံအစည်းအတိုင်း နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသော တိုက်ခိုက်ခိုက်မှုအဖြစ် ၎င်းက အမည်တပ်ခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် နှစ်ထပ်ရှိသော ဗလီအဆောက်အအုံ၌ ဝတ်ပြုသူအမြောက်အများရှိနေခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးဖြစ်သည့် Mushtaq Khan က ဆင်ဟွာသို့ ပြောခဲ့သည်။

“ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဲဒီနေရာမှာ လူသေအလောင်းတွေပြန့်ကျဲနေပြီး လူတွေကလည်း အကူအညီရဖို့ ငိုယိုနေကြတာပေါ့။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှထဲမှာတော့ အကြီးမားဆုံးပေါက်ကွဲမှုပဲ” ဟု Khan က ဆိုသည်။ (Xinhua)

…………………………………………

(English Version)

56 killed, nearly 200 injured as casualties from Pakistan’s mosque blast rise

Source: Xinhua| 2022-03-05 00:14:04|Editor: huaxia

ISLAMABAD, March 4 (Xinhua) — At least 56 people were killed and nearly 200 others injured in a mosque blast in Pakistan’s northwest Peshawar city of Khyber Pakhtunkhwa province on Friday, according to hospital and police officials.

Muhammad Asim, a spokesperson for the Lady Reading Hospital in Peshawar where all the injured have been shifted, confirmed the casualties to Xinhua, saying that more than 195 people are injured.

Several among the injured are in critical condition, he said, adding that a state of emergency has been declared as the injured are being provided with medicines and blood on an emergency basis at the hospital.

Haroon Rasheed, senior superintendent of police operations of Peshawar, told Xinhua that two terrorists tried to enter the mosque and engaged in an exchange of fire with the police personnel on duty there. One policeman was killed and another was seriously injured before the huge explosion occurred.

Following a preliminary investigation, the official said it was a suicide bombing targeting civilians.

Condemning the terrorist attack, Pakistan’s Interior Minister Sheikh Rasheed Ahmad said that there was no threat alert issued for the attack.

He termed the attack a bid to destabilize Pakistan under a planned conspiracy, saying some foreign forces are trying to ruin peace in Pakistan.

Eyewitness Mushtaq Khan told Xinhua that a large number of worshippers were present in a two-floor building of the mosque when the blast happened during prayers.

“Following the blast, there were bodies strewn all over the place and people were crying for help … It was the most massive explosion that I have ever seen in my life,” Khan said. ■

Photo 1 : People inspect a damaged area of a mosque following a blast in Peshawar, Pakistan, on March 4, 2022 (Photo by Saeed Ahmad/Xinhua)

Photo 2 : People transfer a vitim to a hospital following a blast in Peshawar, Pakistan, on March 4, 2022. (Str/Xinhua)

Photo 3 : Rescuers inspect damaged area of a mosque following a blast in Peshawar, Pakistan, on March 4, 2022 (Photo by Saeed Ahmad/Xinhua)

Photo 4 : People transfer a vitim to a hospital following a blast in Peshawar, Pakistan, on March 4, 2022. (Photo by Saeed Ahmad/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.