Connect with us

Europe

အမေရိကန်နှင့် ဥရောပတို့က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လိုက်သည့် အကျိုးဆက်ဒဏ်ကို စားသုံးသူများ ခံစားရမည်ဖြစ်

အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Millbrae ရှိ စူပါမားကတ်တစ်ခုတွင် ကုန်ခြောက်များဝယ်ယူနေသူများအား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မတ် ၁၁ ရက်တွင် ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ အမေရိကန်သမ္မတ ဘိုင်ဒန်က ပိတ်ဆို့အရေးယူမှုအသစ်သည် ရုရှားစီးပွားရေးအပေါ် ပြင်းထန်သည့် ထိုးနက်ချက်ဖြစ်မည်ဟု ကြေညာခဲ့ရာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်စျေးနှုန်း မြင့်မားမှုကို သာမန်စားသုံးသူများ ခံစားကြရမည်ဟု သက်ဆိုင်ရာလုပ်ငန်းရှင်များက သတိပေးခဲ့သည်။

အင်္ဂလန်နိုင်ငံ၊ Basingstoke ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်အား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် မြို့တော် ဝါရှင်တန်ရှိ စူပါမားကတ်တစ်ခုတွင် အစားအသောက်များ ဝယ်ယူနေသူများအား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်သည် ရုရှားကို ကုန်သွယ်ရေး အခွင့်ထူးခံနိုင်ငံအဖြစ်မှ ပယ်ဖျက်ခဲ့ပြီး ရုရှားမှ ပင်လယ်စာထွက်ကုန်များ၊ အရက်များ၊ စိန်စသည်တို့ တင်သွင်းခြင်းနှင့် ရုရှားသို့ ဇိမ်ခံပစ္စည်းများဖြစ်သည့် လက်ပတ်နာရီများ၊ အဝတ်အထည်များ တင်ပို့ခြင်းတို့ကို တားမြစ်ထားသည့်အပြင် အမေရိကန်မှ ရုရှားအပေါ် စွမ်းအင်အပြင် အခြားနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုတားမြစ်ခြင်းကိုလည်း တိုးချဲ့လုပ်ဆောင်သွားမည့် ပိတ်ဆို့အရေးယူမှုအမိန့်တစ်ရပ်ကို ဘိုင်ဒန်က မတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဌာနသည် ရုရှားနိုင်ငံနှင့် ပတ်သက်သည့် လူတစ်ဦးချင်းအပေါ် ပိတ်ဆို့အရေးယူမှုကိုလည်း တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ရာ VTB Bank ဘုတ်အဖွဲ့ဝင် ၁၀ ဦး၊ ရုရှားပါလီမန်အောက်လွှတ်တော်အမတ် ၁၂ ဦးနှင့် ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov ၏ မိသားစုဝင်များစသည်တို့အပေါ် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုနေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂနှင့် G7 အဖွဲ့ဝင်နိုင်ငံများကလည်း ထိုနေ့တွင် ရုရှားအပေါ် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုအသစ်များ ထုတ်ပြန်ကြေညာခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှ သံမဏိထုတ်ကုန်များ တင်သွင်းခြင်းကို တားမြစ်မည်ဖြစ်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်စသည့် ကမ္ဘာ့နိုင်ငံပေါင်းစုံ ငွေကြေးအဖွဲ့အစည်းများတွင် ရုရှား၏ အဖွဲ့ဝင်နိုင်ငံခံစားခွင့်ကို ရပ်တန့်လိုက်မည်ဖြစ်ရာ ရုရှား၏ cryptoassets သုံးစွဲမှုကို အပြင်းအထန် ရိုက်ခက်စေမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ကြေညာခဲ့သည်။

G7 အဖွဲ့ဝင်နိုင်ငံအသီးသီးသည် ရုရှားအဓိကထုတ်ကုန်များအပေါ် သတ်မှတ်ပေးထားသည့် အထူးခံစားခွင့်များကို ပယ်ဖျက်သွားမည်ဖြစ်ဖြစ်ကြောင်း G7 ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအကြိမ် ပိတ်ဆို့အရေးယူမှုသည် ရုရှားအထူးစစ်ဆင်ရေးစတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ လေးကြိမ်မြောက် ပိတ်ဆို့အရေးယူမှုဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ပိတ်ဆို့အရေးယူမှုအသစ်သည် ရုရှားစီးပွားရေးအပေါ် ပြင်းထန်သည့် ထိုးနက်ချက်ဖြစ်လာမည်ဟု ဘိုင်ဒန်ကပြောကြားခဲ့သည်။
သို့သော် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုသည် အခြားတစ်ဖက်တွင် အမေရိကန်၏ သွင်းကုန်လုပ်ငန်းရှင်များနှင့် စားသုံးသူများအပေါ် ဆိုးဝါးသော သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

အနောက်နိုင်ငံများက ရုရှားကို ကုန်သွယ်မှုအခွင့်ထူးခံနိုင်ငံအဖြစ်မှ ပယ်ဖျက်လိုက်ပြီး ရုရှားထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ယူမှုများ ဖြစ်ပေါ်စေသည်။ အမေရိကန် Strategic and International Studies မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် William Reinsch က အမေရိကန်နှင့် ရုရှားကြား တိုက်ရိုက်ကုန်သွယ်မှုပမာဏမှာ အကန့်အသတ်ရှိပြီး ရုရှားထုတ်ကုန်များအပေါ် အခွန်စည်းကြပ်ခြင်းသည် ရုရှားအပေါ်သက်ရောက်မှုနည်းနိုင်ပြီး အမေရိကန်တွင် ရုရှားကုန်ကြမ်းများကို မှီခိုနေရသော ထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများက ကုန်သွယ်မှုစနစ်အပေါ် ထိခိုက်မှုသည် ချက်ချင်းပေါ်လွင်မည်မဟုတ်သော်လည်း သက်ရောက်မှုမှာ ကျယ်ပြန့်လိမ့်မည်ဟု Reinsch မှ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံထုတ် ဗော်လ်ကာအရက်သည် အခြားနိုင်ငံထုတ် အရက်များထက် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည်။ ဘိုင်ဒန်အစိုးရက ရုရှားဗော်လ်ကာအရက်တင်သွင်းမှုကို တားမြစ်လိုက်ခြင်းဖြင့် အမေရိကန်စားသုံးသူများအတွက် ပိုများသောများသော စျေးနှုန်းဖြင့် အရည်အသွေးနိမ့်သော အရက်ကိုသာ ဝယ်သောက်ရတော့မည်ဖြစ်ကြောင်း အမေရိကန်ရှိ ရုရှားစားသောက်ဆိုင်ပိုင်ရှင်များနှင့် အရက်တင်သွင်းသူအချို့ပြောကြားသည်ကို ကိုးကား၍ Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန် စားသုံးသူများသည် နှစ်ပေါင်း ၄၀ ကာလအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်းနှင့် ရင်ဆိုင်နေရကြောင်း၊ ရုရှားအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများကြောင့် ဓာတ်ဆီနှင့် ဂျုံစသည့် အဓိက ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကာ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်စေကြောင်း AFP က မှတ်ချက်ပြုခဲ့သည်။

အမေရိကန်နိုင်ငံသည် ရုရှားမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်းမှုကို ရပ်တန့်မည်ဖြစ်ကြောင်း ဘိုင်ဒန်က မတ် ၈ ရက်တွင် လက်မှတ်ထိုးစဉ်ကတည်းက ပိတ်ဆို့အရေးယူမှုသည် ရှရုားအပေါ်ထိခိုက်မှုဖြစ်စေနိုင်သကဲ့သို့ အမေရိကန်တွင်လည်း တူညီသော သက်ရောက်မှုခံစားရမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(Chinese Version)
美欧对俄制裁加码 消费者将“埋单”
2022-03-13 10:05:42 分类: 社会 图片轮播
新华社北京3月13日电 美国和欧洲联盟11日增加对俄罗斯经济制裁措施。美国总统约瑟夫·拜登宣称新一轮制裁将对俄经济造成“沉重打击”,业界人士则警告,普通消费者将为制裁带来的产品价格上涨埋单。
根据拜登11日签署的行政令,美国对俄罗斯新一轮经济制裁措施包括取消俄罗斯的贸易最惠国待遇,禁止从俄进口海产品、伏特加、钻石等产品,禁止向俄出口高级手表、服装等奢侈品,把美国对俄罗斯禁止投资领域扩展到能源产业以外等。
3月10日,顾客在美国加利福尼亚州米尔布雷一家超市选购食品。(新华社发,李建国摄)
美国财政部当天晚些时候宣布,扩大对与俄罗斯相关个人制裁范围,新增10名俄罗斯外贸银行董事会成员、12名俄罗斯议会下院议员,以及俄总统新闻秘书德米特里·佩斯科夫家庭成员。
欧洲联盟和七国集团成员国也在同一天宣布对俄实施新的经济制裁措施。
欧盟委员会主席乌尔苏拉·冯德莱恩说,欧盟将禁止从俄罗斯进口钢铁产品,试图中止俄罗斯在国际货币基金组织、世界银行等全球主要多边金融机构享有成员权利,并严厉打击俄罗斯使用加密资产。
七国集团领导人在一份声明中说,七国集团成员将各自寻求取消俄罗斯的贸易最惠国待遇。   3月10日在英国贝辛斯托克拍摄的一家加油站。(新华社发,蒂姆·爱尔兰摄)
据路透社报道,这是俄罗斯2月24日在乌克兰发起特别军事行动以来,美国及其盟友对俄罗斯实施的第四轮制裁。   按照拜登的说法,新一轮制裁将再次“沉重打击”俄罗斯经济。
不过,对俄制裁反过来也对美国进口商和消费者产生不利影响。
取消俄罗斯贸易最惠国待遇将使西方国家得以对俄产品大幅加征关税。美国智库战略与国际研究中心成员威廉·赖因施说,美俄直接贸易量有限,对俄产品加征关税可能对俄影响有限,却导致依赖俄原材料的美国生产商面临成本上涨。   赖因施说,这一制裁举措对贸易系统的损害可能不会立即显现,但影响深远。
3月10日,顾客在美国首都华盛顿一家超市选购食品。(新华社发,沈霆摄)
俄罗斯卫星通讯社援引美国一些俄式餐厅店主和酒类进口商的话说,俄罗斯伏特加比其他国家生产的同类产品品质高、价格低,拜登政府禁止进口俄罗斯伏特加将导致美国消费者花更多的钱、喝更差的酒。
法新社评论,美国消费者眼下面临40年来最高通货膨胀率,而西方国家对俄制裁已经导致汽油、小麦等关键商品价格大幅上涨,进一步损害消费者利益。
美国网约车企业优步公司11日宣布,由于汽油价格大幅上涨,该公司将从16日起向消费者加收燃油费。
拜登8日宣布停止从俄罗斯进口石油、天然气和煤炭时就坦言,制裁可伤及俄罗斯,但“美国一样要付出代价”。(郜婕)