Connect with us

Breaking News

ပါရီမြို့ရှိ IMF ရုံး၌ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဦးဒါဏ်ရာရ

ပါရီ ၊မတ် ၁၆ ရက်( ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့( IMF) ရုံး၌ ယနေ့(မတ်လ ၁၆)ရက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး ဒါဏ်ရာ ရသွားကြောင်း ဒေသတွင်းမီဒီယာအရ သိရသည်။

အဆိုပါ ဒါဏ်ရာရသွားသူသည် စာအိတ်တစ်အိတ်ကို ဖွင့်ဖောက်စဉ် ပေါက်ကွဲမှုဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏မျက်နှာ နှင့် လက်များတွင် ဒါဏ်ရာ ရခဲ့ကြောင်း ပြင်သစ် သတင်းမီဒီယာက ဆိုသည်။ ပါက်ကွဲမှုကြောင့် အဆောက်အအုံမှာ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ယင်းဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ပါရီရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ Le Figaro သတင်းဌာန က ဖော်ပြခဲ့သည်။( Xinhua)