Connect with us

Breaking News

ဖိလစ်ပိုင်၌ ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

မနီလာ ၊ မတ် ၅ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao မြို့အနီး၌ဗဟိုပြု၍ ယနေ့(မတ်လ ၅ ရက်)တွင် ပြင်းအား ၅.၉ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဆိုင်ရာ သိပ္ပံဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ သိပ္ပံက del Norte ပြည်နယ် Surigao မြို့၏ အနောက်တောင်ဘက် ၁၃ ကီလိုမီတာ၌ ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၈ မိနစ်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းငလျင်ချက်သည် မြေပြင်အောက် အနက် ၁၃ ကီလိုမီတာအကွာ၌ ဗဟိုပြုခဲ့ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ပထဝီဝင်မြေပြင် တိုင်းတာရေးဌာနက ပြင်းအား ၅.၇ အဆင့်ရှိ ငလျင်တစ်ခုသည် မြေပြင်အောက် အနက် ၁၉ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းငလျင်ဒဏ်ကို ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Mindanao ပြည်နယ် နှင့် Samar ပြည်နယ်များက ခံစားခဲ့ရကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဆိုင်ရာ သိပ္ပံဌာန ၏ ထုတ်ပြန်ချက်အရ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် အနည်းဆုံး ငလျင်ငယ်နှစ်ခု နောက်ဆက်တွဲ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်းငလျင်ကြောင့် အသေအပျောက် နှင့် ထိခိုက်ဒဏ်ရာရသူစာရင်း လက်ခံရရှိထားခြင်း မရှိသေးကြောင်း ၎င်း သိပ္ပံဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.