မော်စကို၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အလယ်ပိုင်း Sverdlovsk ပြည်နယ် Nizhny Tagil မြို့ရှိ လူနေအဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာကြောင်း ရုရှား အရေးပေါ်အခြေအနေရေးရာဝန်ကြီးဌာန၏ ဩဂုတ် ၂ ရက် ညပိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်သည့်...
နယူးဒေလီ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) အဲအိန္ဒိယ (Air India)လေကြောင်းလိုင်းသည် ဩဂုတ် ၈ ရက် မတိုင်မီအထိ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့သို့ ပြေးဆွဲပျံသန်းမှုများကို ရပ်နားထားမည်ဟု ကြေညာခဲ့သည်။ တင်းမာမှုများ အရှိန်မြင့်နေသည့် ကာလတွင် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို...
မနီလာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ငါးထပ်ပါ စီးပွားရေးဆိုင်ရာ လူနေအဆောက်အအုံတစ်ခု ဩဂုတ် ၁ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာ လူ ၁၁ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ပြောကြားသည်။ ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇...
နန်နင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ယခုနှစ် ဩဂုတ် ၂ ရက်အထိ နိုင်ငံတကာ ကုန်လမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ရထားလမ်း-ရေကြောင်း ကုန်စည်သယ်ယူပို့ဆောင်မှုမှာ TEU ကွန်တိန်နာ ၅၀၀,၀၀၀ ကျော် ရှိခဲ့ကြောင်း၊ ယခင်နှစ်အားလုံး၏ အလားတူကာလထက် အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ကုန်လမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်ကို...
မနီလာ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Sur ပြည်နယ်တွင် ဩဂုတ် ၃ ရက် နံနက်ပိုင်း၌ အင်အား ၆.၈ ပမာဏရှိသော ကမ်းလွန်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာအင်စတီကျုက ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက်...
ရန်ကုန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဩဂုတ် ၂ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းမြင့် အင်တာနက်ဝန်ဆောင်မှုဂြိုဟ်တုသစ် လွှတ်တင် ၂။ တရုတ်နိုင်ငံ ဝူဟန့်မြို့၌ နှစ်ပေါင်း ၃,၀၀၀ သက်တမ်းရှိ ကြေးမြားဦးချွန်အား...
ချိန်တူး၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ဘတ်စကက်ဘော (NBA) အကျော်အမော် Julius Randle နှင့် Terance Mann တို့သည် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁ ရက်အထိ တရုတ်နိုင်ငံ ချိန်တူးမြို့သို့ လာရောက်ပြီး ဒေသခံ လူငယ်ဘတ်စကက်ဘောကစားသမားများ၊ ပရိသတ်များနှင့်...
ဝါရှင်တန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ပြည်ထောင်စုအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၌ အပြည့်အဝထုတ်လုပ်ထားသော အမေရိကန်အလံများကိုသာ ဝယ်ယူရန် တောင်းဆိုထားသော ဥပဒေကြမ်းတစ်ရပ်ကို ယခုသီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထိုဥပဒေကြမ်းကို ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရှားရော့ဘရောင်း နှင့် ရီပက်ဘလစ်ကန်...
ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ပို၍ ဆိုးရွားလာရာတွင် အခြေအနေဖြေလျှော့ရေး နိုင်ငံတကာ အသိုက်အဝန်းက ပို၍ ကြိုးပမ်းသင့်ရာ ပဋိပက္ခအရှိန်လျှော့ချရေး တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်ပေါင်းစုံနှင့်အတူ ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က...
ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖက်ဒရယ်အစိုးရ၏ ကြွေးမြီ စုစုပေါင်းပမာဏမှာ ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၃၅ ထရီလီယံကျော် ရှိကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ အမေရိကန်အစိုးရ ချေးငွေ အတိုင်းအဆမရှိ ဖြစ်နေခြင်းသည် နိုင်ငံတကာငွေကြေးစနစ်တွင် ကန်ဒေါ်လာစိုးမိုးခြင်းကို...