ဟော့အယ်ကောစစ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟော့အယ်ကောစစ် အဝေးပြေးစခန်းက ယခုနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်တင်ပို့မှု ၇၅,၀၀၀ ကျော်ရှိကြောင်း ဟော့အယ်ကောစစ်အကောက်ခွန်ရုံးထံမှ အချက်အလက်များအရ သိရသည်။ ယင်းအရေအတွက်မှာ ယခင်နှစ်အလားတူကာလကထက် ၇၇.၆ ရာခိုင်နှုန်း တိုးလာခဲ့ခြင်း ဖြစ်သည်။ (Xinhua)...
ကွမ်ကျိုး၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ OceanX အမည်ရှိ ၁၆.၆ မဂ္ဂါဝပ် ရေပေါ် ကမ်းလွန်လေအားလျှပ်စစ် ပလက်ဖောင်းအား ဇူလိုင် ၁၂ ရက်က တရားဝင်ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါတိုင်ဖွန်းမုန်တိုင်း ဒဏ်ခံနိုင်သော လေအားလျှပ်စစ်ပလက်ဖောင်း ကွမ်တုန်းပြည်နယ် Zhongshan မြို့အခြေစိုက် စွမ်းအင်သစ်...
ဘက်လာ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပင်ဆယ်ဗေးနီးယားပြည်နယ် ဘက်လာမြို့၌ ဇူလိုင် ၁၃ ရက်က ပြုလုပ်သော လူထုစည်းဝေးပွဲတစ်ခု၌ လူအုပ်ကြားထဲမှ သေနတ်သံများ ထွက်ပေါ်လာပြီးနောက် စင်ပေါ်မှ အလျင်အမြန်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ရုပ်သံဖိုင်တွင် လူစုလူဝေးအတွင်း သေနတ်သံထွက်ပေါ်လာချိန်တွင် ထရမ့်က မိန့်ခွန်းပြောကြားနေခဲ့ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် လာရောက်အပန်းဖြေသူများ ၂။ တရုတ်နိုင်ငံ၏ ပထမဆုံး e-visa ကင်းလွတ်ခွင့် ရှန်ဟိုင်းတွင် ထုတ်ပေး...
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးအဖြစ် ဇူလိုင် ၁၀ ရက်က အဆင့်မြှင့်တင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာတို့ ပေကျင်းမြို့တွင် တွေ့ဆုံစဉ်က ထိုသို့...
နန်ချန်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီပြည်နယ် ကျစ်ရှီးခရိုင်ရှိ တာ့ကြွယ်တောင် ရှုခင်းသာနေရာသို့ လျှပ်စစ်ရထား အစင်းရေ ၃၀ ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ တောင်ကမ်းပါးယံတစ်လျှောက် တည်ဆောက်ထားသော ရထားလမ်း ၁၁.၈ ကီလိုမီတာ၏ သုံးပုံတစ်ပုံကျော်က ရထားစီးခရီးသည်များကို အမြင့် ၈၅၀ မီတာမှ...
အီကွာလာဒါ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) နှစ်စဉ်ကျင်းပမြဲဖြစ်သော ဥရောပမီးပုံးပျံပွဲတော်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ အီကွာလာဒါမြို့ငယ်လေးတွင် ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ခမ်းနားစွာကျင်းပသော ယင်းပွဲတော်သို့ ကမ္ဘာတစ်ဝန်းမှ မီးပုံးပျံအသင်း ၅၀ ခန့် ပါဝင်ဆင်နွှဲခဲ့သည်။ (Xinhua) …………………………………….. (Chinese...
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မကြာမီကျင်းပမည့် ပဲရစ် အိုလံပစ်အားကစားပွဲသို့ အိုလံပစ်ချန်ပီယံ ၄၂ ဦး အပါအဝင် အားကစားသမား ၄၀၅ ဦး စေလွှတ်မည်ဖြစ်ကာ အဖွဲ့ဝင် ၇၁၆ ဦး ပါဝင်သော နိုင်ငံကိုယ်စားပြုအဖွဲ့ကို ယနေ့ (ဇူလိုင် ၁၃ ရက်)...
ဆန်ဘရူနို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ AT&T ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအားလုံးနီးပါး၏ နံပါတ်၊ ဖုန်းခေါ်ဆိုမှုကြာချိန် နှင့် စာတိုပေးပို့မှု စသည့်အချက်အလက်များအား ဟက်ကာများက ခိုးယူခဲ့ကြောင်း ဇူလိုင် ၁၂ ရက်တွင် ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua) ……………………………. (Chinese Version) 美国电话电报公司:用户数据遭窃取...
စိန့်ပီတာစဘတ်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရုရှားဖက်ဒရယ် လွှတ်တော်၏ အောက်လွှတ်တော် ဖြစ်သည့် ဒူးမားလွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodin နှင့် အထက်လွှတ်တော်ဖြစ်သော ဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ Valentina Matviyenko တို့၏ ဖိတ်ကြားချက်အရ တရုတ်တစ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဇူလိုင် ၉...