ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဖိန်ယွမ်ခရိုင်တွင် မိုးသက်မုန်တိုင်းကြောင့် လူ ၃၈ ဦးသေဆုံး၊ ကယ်ဆယ်ရေးလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက် ၂။ ချီလီနိုင်ငံ၌...
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ကာလဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်၌ မြန်မာနိုင်ငံ ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်ခဲ့သည်။ (Xinhua)
ရှီးချန်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၂၂ ရက် ဒေသစံတော်ချိန် ၃ နာရီတွင် တရုတ်-ပြင်သစ် နက္ခတ္တဗေဒ ဂြိုဟ်တု (SVOM) အား Long March 2C သယ်ဆောင်ရေးဒုံးပျံဖြင့် လွတ်တင်ခဲ့ပြီး ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားခဲ့ကြောင်း...
ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ တောင်ပိုင်း Calabria ဒေသအနီး ပင်လယ်ပြင်တွင် သင်္ဘောပျက်စီးနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် ၃၄ ဦးအထိ မြင့်တက်လာခဲ့ပြီး အခြားသူ ၆၀ ကျော် ပျောက်ဆုံးနေကြောင်း အီတလီ ကမ်းခြေစောင့်တပ်က ဇွန် ၂၂ ရက်၌ အတည်ပြုခဲ့သည်။...
ပါပူအာနယူးဂီနီ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၁၃ ဖွဲ့မြောက် တရုတ်ဆေးအဖွဲ့သည် ပါပူအာနယူးဂီနီနိုင်ငံသို့ မကြာသေးမီက ရောက်ရှိလာခဲ့ပြီး မြေပြိုမှုဒဏ်ခံစားခဲ့ရသော ယမ်ဘာဘီကျေးရွာရှိ ဒေသခံများကို အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့သည်။ တရုတ်ဆရာဝန်များက နှစ်ရက်တာ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုဆောင်ရွက်ချိန်တွင် ကျေးရွာသူ/ကျေးရွာသား ၁၆၀ ခန့်ကို ဆေးကုသပေးခဲ့ကြောင်း သိရသည်။ (Xinhua) …………………………………….. (English...
လုဆာကာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) မာလဝီနိုင်ငံ သမ္မတ Lazarus McCarthy Chakwera သည် လေယာဉ်ပျက်ကျ၍ သေဆုံးသွားသော ဒုတိယသမ္မတ ချီလီမာ နေရာကို အစားထိုးရန် သယံဇာတနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး မိုက်ကယ်အူစီ ကို ဇွန် ၂၀ ရက်က ဒုတိယသမ္မတအဖြစ်...
ဂျကာတာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များအား ဖြေရှင်းရေးအတွက် တရုတ်ဒရုန်းထုတ်လုပ်သူ DJI က ဒရုန်းသစ်နှစ်မျိုးအား မိတ်ဆက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံရှိ DJI ၏ တရားဝင်ဖြန့်ဖြူးရေးကုမ္ပဏီ PT Smart Tech Solution International (PT STS) က ဒရုန်းမော်ဒယ်နှစ်မျိုးဖြစ်သည့်...
ကုလသမဂ္ဂ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသများတွင် ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာနိုင်သည့် အန္တရာယ်ရှိပြီး ယင်းအခြေအနေကို လုံးဝရှောင်ရှားရမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များကြား ပဋိပက္ခအရှိန် အဆက်မပြတ် မြင့်တက်လာခြင်းနှင့် ပတ်သက်၍...
ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး Yusuf Maitama Tuggar အား ဇွန် ၂၁ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် တရုတ်-နိုင်ဂျီးရီးယား အစိုးချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ ပထမဆုံးအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ...
နန်နင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဒေသများစွာတွင် ဇွန် ၉ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျှော့ချနိုင်ရန် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြစ်...