Connect with us

Media

၁၁ ထပ် ရှိသည့် အဆောက်အဦအား အချိန် ၂၈ နာရီဖြင့်အပြီးတည်ဆောက်

ချန်ရှား၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ငလျင်ဒဏ်နှင့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံနိုင်ရည်ရှိသည့် ၁၁ ထပ် အမြင့်ရှိသော အဆောက်အဦတစ်လုံးကို အချိန် ၂၈ နာရီအတွင်းအပြီးတည်ဆောက်ခဲ့သည်။

ယင်းအဆောက်အဦတွင် ပြင်ပမှ ၁၀၀ ရာခိုင်နှုန်းသန့်စင်ပြီးသော လေသန့်စင်စနစ် ကို ထည့်သွင်းအသုံးပြုထားသည်။ အခန်းများကို လအတန်ကြာ သန့်ရှင်းရေးလုံးဝ မလုပ်ဘဲ ထားနိုင်သည့် ဖုန်ဝင်ရောက်မှုမရှိအောင် အထူးတီထွင်ထားသည့် နည်းပညာမျိုးသည်။ ယင်းအဆောက်အဦကို stainless စတီးသံမဏိများဖြင့် တည်ဆောက်ထားရာ သက်တမ်း နှစ်ပေါင်း၁,၀၀၀ အထိ ခံနိုင်ရည် ရှိကြောင်း သိရသည်။ ၁၁ ထပ် ရှိသည့် အဆောက်အဦ အား အချိန် ၂၈ နာရီဖြင့် မည်သို့ အပြီးတည်ဆောက်ခဲ့သည် ကို တာဝန်ရှိသူနှင့်သွားရောက်မေးမြန်းပြီးနောက် အဆောက်အဦအတွင်းပိုင်းအခြေအနေများကိုလည်း ဆင်ဟွာမှ လေ့လာရိုက်ကူးခဲ့သည်။ (Xinhua)
………………………
(English Version)

GLOBALink | Building 11-story apartment block in just 28 hours

CHANGSHA, July 20 (Xinhua) — How to build an 11-story building that is resistant to earthquakes and typhoons in just 28 hours? Check out this miracle in China’s Hunan.

“The living building” uses a clean air system, which brings in 100 percent fresh air from outside. Rooms are dust-free for months without cleaning.

It uses all stainless materials and the life circle is more than 1,000 years. It can be protected from the earthquake and the super typhoon.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.