Connect with us

Media

ဟန်ဂေရီလွှတ်တော်က NATO အဖွဲ့သို့ ဖင်လန်နိုင်ငံ ဝင်ရောက်ခြင်းအား အတည်ပြု

ဘူဒါပတ်စ် ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဟန်ဂေရီလွှတ်တော်က ဖင်လန်နိုင်ငံအား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)တွင် ပါဝင်ရန် ခွင့်ပြုသည့် ဥပဒေအား မတ် ၂၇ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၆ ဦးက ကန့်ကွက်မဲပေးခဲ့ကြောင်း နှင့် ၁၁ ဦးမှာ မဲမပေးခဲ့ကြောင်း ၊ လက်ယာစွန်းပါတီ Mi Hazank (Our Homeland) မှလွှဲ၍ ကျန်သည့်ပါတီအားလုံးက ဖင်လန်နိုင်ငံ ဝင်ရောက်မှုအား ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Hungarian parliament approves Finland’s accession to NATO
The Hungarian parliament on Monday approved legislation allowing Finland to join the North Atlantic Treaty Organization (NATO).
182 members of parliament voted in favor and six against, while 11 lawmakers were absent. Besides the far-right party Mi Hazank (Our Homeland), all parties voted in favor of Finland’s accession.
Xinhua News Agency correspondents reporting from Budapest.
(XHTV)