Connect with us

Media

ဟန်ကျိုးအာရှအားကစားပွဲဖွင့်ပွဲအခမ်းအနားက ကမ္ဘာကြီးကို အံ့အားသင့်စေမည်

ဟန်ကျိုး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဟန်ကျိုးအာရှအားကစားပွဲ ကျင်းပမည့်နေရာတိုင်းတွင် ပြင်ဆင်မှုများက နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားသို့ လူဦးရေ ၅၀,၀၀၀ ခန့် တက်ရောက်မည်ဖြစ်ကာ စေတနာ့ဝန်ထမ်း ၁,၂၀၀ ကျော်ကလည်း လမ်းညွှန်မှုနှင့် အကူအညီများ ပေးအပ်ကြမည်ဖြစ်ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောခဲ့သည်။

ထို့ပြင် ဟန်ကျိုး အာရှအားကစားပွဲ မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုကလည်း အွန်လိုင်းရော လူကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် အကြီးကျယ် အခမ်းနားဆုံး ဖြစ်လာခဲ့သည်။
အားကစားပွဲ မီးတောက်ကို ထွန်းညှိလိုက်ချိန်တွင် ဒစ်ဂျစ်တယ် မီးရှူးတိုင်သယ်ဆောင်သူများကလည်း အွန်လိုင်းမှတစ်ဆင့် စုပေါင်းကာ မီးထွန်းညှိကြမည်ဖြစ်သည်။

အဆိုပါ ဟန်ကျိုး အာရှအားကစားပွဲသို့ အာရှနိုင်ငံများနှင့် ဒေသများရှိ ကိုယ်စားလှယ်အဖွဲ့ ၄၅ ဖွဲ့မှ အားကစားသမား ၁၂,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားခဲ့သည်။ (Xinhua)

………………………………
(English Version)
Hangzhou Asian Games to impress world with awe-inspiring opening ceremony
With the Hangzhou Asian Games right around the corner, preparations have entered the final stretch.
According to organizers, around 50,000 participants will attend the opening ceremony Saturday, while more than 1,200 volunteers will be on hand to offer guidance and assistance.
The Hangzhou Asian Games torch relay has become the largest ever, due to the combination of virtual and physical worlds.
When the flame of the Games is ignited, digital torchbearers will collectively “light” it in the virtual realm.
More than 12,000 athletes from 45 delegations of Asian countries and regions have signed up for the Hangzhou Asian Games.