Videos
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးရထားလမ်း တံတား၏ ရင်သပ်ရှုမောဖွယ် ညမြင်ကွင်း
ဖူကျန့် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူး ရထားလမ်းတံတားပေါ်ရှိ မီးတိုင်များကို စမ်းသပ်ထွန်းညှိလျက် ရှိသည်။ အရှည် ၁၆ ဒသမ ၃၄ ကီလိုမီတာ ရှိသော Pingtan ရေလက်ကြား ရထားလမ်းတံတားကို ယခု ၂၀၂၀ ပြည့်နှစ်တွင် သွားလာရေးအတွက် ဖွင့်လှစ်ရန် မျှော်လင့်ထားသည်။ အဆိုပါ တံတားသည် အပေါ်ဘက်တွင် ခြောက်လမ်းသွား အဝေးပြေးကားလမ်း နှင့် အောက်ဘက်တွင် မြန်နှုန်းမြင့် ရထားလမ်း ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ မြန်သော ကျည်ဆံရထားများသွားလာရေးအတွက် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)