Connect with us

Videos

ကယ်လီဖိုးနီးယားမန်ဒိုစီနိုတောမီးလောင်ကျွမ်းမှုမှာနိုင်ငံအတွင်းအကြီးဆုံးတောမီးလောင်ကျွမ်းမှုဖြစ်လာနိုင်

မန်ဒိုစီနို၊သြဂုတ် ၇ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမြောက်ပိုင်း မန်ဒိုစီနို တွင် ဖြစ်ပွားလျက်ရှိသည့် တောမီးလောင်ကျွမ်းမှုမှာ ယခုသီတင်းပါတ်အကုန်တွင် နှစ်ဆခန့်ပိုမိုများပြားလာခဲ့ပြီး ၎င်းမှာ အမေရိကန်နိုင်ငံတွင် ဒုတိယအကြီးမားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်လာခဲ့သည်။ မြေဧကပေါင်း ၂၇၃ဝဝဝ အထိ မီးလောင်ကျွမ်းလျက်ရှိပြီး လူပေါင်း ၂သောင်းကျော်ကိုလည်း မီးဘေးနှင့်လွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုအတွင်းလက်ရှိအချိန်အထိ ထိခိုက်ဒါဏ်ရာရ သူမရှိကြောင်း သိရသည်။ မီးသတ်သမားများမှာ မီးလောင်ကျွမ်းမှုကိုကြိုးစားငြိမ်းသတ်လျက်ရှိပြီး ထိုတောမီးလောင်ကျွမ်းမှု မီးငြှိမ်းသတ်နိုင်ခြင်းမရှိပါက အမေရိကန်ပြည်ထောင်စုအတွင်းအကြီးဆုံး တောမီးလောင်ကျွမ်းမှုဖြစ်လာမည်ဟုသိရသည်။ ထို့အပြင် မြောက်ပိုင်းဆာစတာ ဒေသမှာလည်း ပြီးခဲ့သည့်စနေနေ့က တောမီးလောင်ကျွမ်းမှုတစ်ခုထပ်မံဖြစ်ပွားခဲ့သည်။ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ် ထရမ့် ကလည်း တောမီးလောင်ကျွမ်းမှုများဖြစ်ပွားစေသည့် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများကို ပြစ်တင်ရှုံ့ချ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.