Connect with us

Videos

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်း များကို အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် အဖြစ် ထပ်မံ ကပ်ထား ကြေညာမည်

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက် အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ နှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက် ကြာ ထပ်မံကပ်ထား ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။

မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန် သော မဲဆန္ဒရှင်စာရင်း ရရှိနိုင်မည်ဖြစ်ကြောင်း ၊ မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက် ကြည့်ရှု ပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆို ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုပါသည်။ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲအား နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပ သွားမည် ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် (၁၃) နေရာ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.