Videos
ခန္ဓာကိုယ်အတွင်းရှိ အကျိတ်များကိုသီးသန့်ဖယ်ထုတ်ပေးမည့် မော်လီကျူးတစ်မျိုးတီထွင်
ပေကျင်း၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)
တရုတ်သိပ္ပံပညာရှင်များက ထရိုဂျန်မြင်းများဟု အမည်ပေးထားသည့် နာနို DNA မော်လီကျူးတစ်ခုကို တီထွင်ခဲ့ကြောင်းသိရသည်။ ၎င်းမှာ ဆံပင် တစ်ပင်ထက် အဆ ၄ဝဝဝ ပိုမိုပါးလွှာပြီး ခန္ဓာကိုယ်အတွင်း အကျိတ်များကိုခြေဖျက်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါမော်လီကျူးမှာ အကျိတ်ဖြစ်ပွားစေသည့် ပရိုတင်းနှင့် ဒြပ်ပေါင်းများကို ဖြတ်တောက်ပေးကာ အကျိတ်များကို သီးသန့်ဖယ်ရှားဖြတ်တောက်ပေးပြီး အခြား ဘေးထွက်ဆိုးကျိုး မရှိကြောင်းသိရသည်။ အကျိတ်များကို ဖယ်ရှားပြီးပါက ထိုမော်လီကျူးမှာ ခန္ဓာကိုယ်တွင်း အလိုအလျောက် ဖျက်ဆီးသွားမည်ဖြစ်သည်။(Xinhua)